ရှင်ပြုအလှူအိမ်ဆိုသည့်အတိုင်း အရုဏ်လင်းကြက်တွန်သည်နှင့် ဆူညံနေပြီဖြစ်တာကြောင့် အေးရိပ်ကိုတစ်ယောက်အိပ်မရပဲထနေရချေပြီ။ဘေးမှာအိမ်နေ့သည့်အမေကိုကြည့်တော့မရှိတော့တာမို့ အောက်တွင်ဝိုင်းကူနေတယဖြစ်လောက်မည်။ အိမ်နောက်ဖေးမှ မျက်နှာသစ်ဖို့လုပ်ထားသည့်နေရာဆီ အပြေးလေးသွားပြီး မျက်နှာသစ်ကာအိမ်ပေါ်ကနာရီကိုကြည့်လိုက်တော့ ၆ နာရီပဲခွဲသေးသည်။ နွေဥတုကမိုးအစောလင်းတာနဲ့အတူ အေးရိပ်ကိုလိုမထချင်ပဲထနေရသူမှာ အိမ်ထဲရှိခုံတန်းတစ်ခုတွင်ဝင်ထိုင်လိုက်သည်။ ဆူညံသည်ဆိုသော်လည်း ဝိုင်းဝန်းကူညီသူကလွဲရင်ကျန်သူတွေရှိမနေတာကြောင့် အဲလောက်ထိတော့ မျက်စိရှုပ်မနေ။ခဏအကြာလူများဝင်လာကြရင်တော့ မျက်စိရှုပ်တော့မှာသေချာသည်။
"အစ်မ။ "
ထိုင်နေရာမှရှေ့တည့်တည့်ကိုကြည့်လိုက်တော့ခေါ်သူမှာမြရစ်နွယ်ပင်ဖြစ်နေသည်။ဘာအရေးရှိလို့တော့မသိပင်မဲ့ လက်တွင်လည်းပန်းကန်တစ်ချပ်ကိုင်ထားသည်။"ဟိုလေ။ အဘကအစ်မတို့အတွက် ဒါလေးပို့ခိုင်းလိုက်လို့။ "
"ဘာများလဲမြ။ "
"ကောက်ညှင်းပေါင်းပါ။ "
"ဟုတ်ကဲ့။ကောင်းကောင်းစားပါ့မယ်။ "
စီတန်းနေတဲ့သွားလေးတွေပေါ်အောင်ပြုံးပြီး ကောက်ညှင်းပေါင်းပန်းကန်ကိုမြရစ်နွယ်ထံမှလှမ်းယူလိုက်သည်။ အိုအစ်မကဒီလိုလည်းချစ်ဖို့ကောင်းအောင်းပြောတတ်သေးတာလား။"ဒါဆိုမြပြန်တော့မယ်နော်။ "
"ဟုတ်ကဲ့ပါ။အမေကိုလည်းပြောလိုက်ပါ့မယ်။ "
မြရစ်နွယ်က ဘာမှပြင်ဆင်မှုမရှိပဲ အိမ်နေရင်းတစ်ပတ်နွမ်းထဘီနဲ့ ရှပ်အကျီနဲ့တောင်ကြည့်ကောင်းနေသည်။
📎
တရွေ့ရွေ့နဲ့နေရောင်ကလည်းပူလာပြီမို့။အလှူအိမ်ထဲတွင် ပွဲလာကြသူ၊ထမင်းစားသူများပြည့်နှက်နေသည်။ မြရစ်နွယ်တို့ရပ်ရွာရှိအပျိုလူပျိုအဖွဲ့များက ပွဲရန်ကိုင်နေကြသည်မို့ အေးရိပ်ကိုမှမနေ့ကလိုဘာမှထွေထွေထူးထူးလုပ်စရာမလိုပဲ အေးဆေးအခန့်သားထိုင်ကြည့်နေရုံပင်။