ဤနေ့ကား သက်ြန်အဖိတ်နေ့ဖြစ်သည်မို့ ရွာရှိတွင်းကန်များတွင် သက်ကြီးရွယ်အိုများနှင့် လူငယ်များစုရုံးစုရုံးဖြစ်နေသည်။ အကြောင်းမှာ လူကြီးတွေကိုလူငယ်တွေကို
ခေါင်းလျှော်၊ခေါင်းရိတ်၊ခြေသေးလက်သေးဖြတ်ပေးမှာမို့ပင်။ ရွာရှိကာလသားခေါင်းဘကြည်က ရှေ့ကနေအကုန်ဦးဆောင်နေပြီး အေးရိပ်ကို ခမျာမှာတော့ဓားထိထားသည့်လက်ကိုအသာချကာ သက်ကြီးရွယ်အိုနီးတူ ထိုင်ခုံတွင်ဝင်ထိုင်နေသည်။"ဖွားဖွားအေးရိပ်ကိုခဗျာ ခေါင်းလျှော်မလားလက်သေးညှပ်မလားခဗျာ။ "
လည်ဂတုံးအကျီအဖြူနှင့် ယောပုဆိုးကိုသေသေသပ် သပ် ဝတ်ဆင်ထားသည့် ဘကြည်မှခုံတွင်ငိုင်နေသည့် အေးရိပ်ကိုအား စနောက်ခြင်းဖြစ်သည်။"ဒီကောင်။ငါလက်မကောင်းပင်မဲ့ ခြေတွေအကောင်း ရှိသေးတယ် ဆောင့်ကန်လိုက်ရ။"
အေးရိပ်ကိုညာဖက်ခြေထောက်ကိုဟန်လုပ်ပြီး ထောင်ပြလိုက်တော့ ဘကြည်တွန့်ခနဲ နောက်ဆုတ်သွားသည်။ အရင်ကလိုဆို အေးရိပ်ကိုရန်ရှာမိမည်မဟုတ် ခုတော့ပူရတဲ့အထဲ ပတ်တီးကစီးထား ဒဏ်ရာကကိုက်ကကိုက်နှင့်ဘယ်သူ့ကိုမှ စိတ်ကြည့်စွာကြည့်လို့ရမနေ။"ကဲဘကြည်ရယ်။စမနေနဲ့တော့ ဟိုကအဖိုးကိုခေါင်းလျှော်ပေးလိုက်။"
ခုတလောအရမ်းစိတ်ဆတ်နေသည့် အေးရိပ်ကိုကိုစဖို့မလုပ်ဝံ့တာကြောင့် ဘကြည်ကိုသာပထုတ်လိုက်ရသည်။ဘကြည်လည်းအလိုက်တသိပဲ အဖိုးရှိရာကိုသွားလေသည်။
"ရိပ်...ဒီမှာမုန့်လုံးရေပေါ်စားလိုက်အုန်း။ "
"ဘယ်လက်နဲ့ကိုင်ပြီး ဘယ်လက်နှင့်စားရမှာလဲ။ "
အုန်းပုတ်ခွက်ထဲရှိ မုန့်လုံးရေပေါ်တွေကို မေးငေါ့ပြပြီး
သူ့ကိုခွန့်ကျွေးရမည် ဟူသောသဘောဖြင့်ဆိုသည်။
ညိုလှသက်လည်း အစကတည်းက ခွန့်ဖို့အစီအစဥ်ရှိပြီးသားပါ။ဒါမဲ့ ဒီရက်ပိုင်းမှဂျစ်တိုက်လာသည့် အေးရိပ်ကိုကိုကြည့်ပြီး ခတ်ဆောင့်ဆောင့်လေးအပြောခံချင်၍ပင်။မော်တော်ကားတစ်စီးရပ်သံကြောင့် အားလုံးသူအကြည့်မော်တော်ကားဆီကို ရောက်သွားကြချေပြီ။ မြို့ကိုရောက်ဖူးသည့် သူများကသာ မော်တော်ကားကိုမြင်ဖူးကြပြီး ဒီနားဟိုနားရွာကိုသာ ရောက်ဖူးသူများကတော့ မော်တော်ကားဆိုတာ အရိပ်တောင်မတွေ့ဖူးချေ။