ချွတ်~~~
အေးရိပ်ကိုပုခုံးကြားမှဖြတ်သွားသည့် ဓားမြှောင်တစ်ချောင်း ပြစ်လိုက်သူမှာ မေးနေစရာပင်မလို လူမော်ဖြစ်သည်။
"ဘာလုပ်တာလဲကြ။ "
ဝိုင်းထဲကသူများရဲ့ အော်သံများဆူညံနေချိန်တွင် အေးရိပ်ကို ပုခုံးမှဒဏ်ရာဟာသွေးအလျှံအပယ်ထွက်နေပြီ။"အစ်မ ဒီလိုနေလို့မဖြစ်ဘူး သွေးထွက်လွန်လိမ့်မယ်။
ဆေးဆရာဆီသွားရအောင်။ "
အောင်မျိုးမှ သူ့အပေါ်ထပ်အကျီကို ချွတ်လိုက်ပြီးဒဏ်ရာကိုပတ်စီးလိုက်သည်။"ရတယ်။ ညိုလှသက်ဆီပဲပို့။ "
တစ်ခုခုဆိုလျှင် အားကိုးနေစရာ ညိုလှသက်ရှိနေပြီးသားမို့ ဆေးဆရာတွေကို အထင်သေးတာမျိုးမဟုတ်ပဲ ညိုလှသက်ဆီသာသွားမည်ဖြစ်သည်။"လူမော်ကို ချုပ်လိုက်ကြ။ "
ဖဲဝိုင်းရှိ အကောက်ကောက်သူရဲ့အော်သံ။ ဒီရွာမှာဖြစ်တာမို့ ဒီရွာကသူကြီးဆီပို့မှာ သေချာနေသည်။ အေးရိပ်ကိုအတွက်လှည်းအမြန်စီစဉ်ပြီး ညောင်ပင်ဦးသို့ခပ်မြန်မြန်ပဲသွားကြသည်။လမ်းခရီးက တစ်နာရီလောက်ကြာသည်မို့ အေးရိပ်ကိုမှာသတိမမေ့ရုံတမယ် ဝေဝေဝါးဝါးဖြစ်နေသည်။အောင်မျိုးမှာ အရင်တစ်ခေါက်လာပြီးကတည်းက ညိုလှသက်အိမ်ကိုရောက်ဖူးပြီးသားမို့ လမ်းပြနေစရာပင်မလို တည့်တည့်မတ်မတ်ရောက်သွားသည်။"ဗျို့....အစ်မညိုလှသက်ရေ။ အစ်မ။ "
အိမ်ရောက်သည်နှင့် အထဲတောင်မဝင်ပဲ အိမ်ရှေ့မှ အမောတကောခေါ်နေသည့် အောင်မျိုး။
"ဘာများလဲ။ "
အချိန်ကား နေ့လည်တစ်နာရီ နေအပူပြင်းဆုံးအချိန် အိမ်ထဲတွင် အေးအေးလူလူရပ်ခပ်ပြီး ထိုင်နေသည့် ညိုလှသက်မှ ပြန်မေးလိုက်သည်။ ဒီလောက်နေပူပြင်းတဲ့အချိန်အမောတကောနှင့် ဘာများပါလိမ့်။"ဒီမှာ လူနာပါလို့ဗျ။ "
ရွာတွင်တစ်ယောက်ထဲရှိသည့် နတ်စ်ပီပီကိုင်ထားသည့်ယပ်တောင်ကို ပြစ်ချလိုက်ပြီး အိမ်ရှေ့ထွက်လာလိုက်သည်နှင့် လူနာကား ညိုလှသက်ထိခိုက်ရှနာ ကင်းစေချင်သည့် အေးရိပ်ကိုပင်။ ပုခုံးတွင်လည်း အကျီအဖြူနှင့်စီးထားသည်တောင် သွေးများအထင်းသား။