ညနေခုနှစ်နာရီအချိန်လောက်တွင် ရေနံမီးခွက်ခပ်မှိန်မှိန်ဖြင့်အေးရိပ်ကိုအိပ်နေသည့်အခန်းကို ထမင်းစားဖို့နှိုးရန်လာသည်။ဒီနေ့ကျမှအဘနဲ့အမေကလည်း ဟိုဖက်ရွာမှာပဲမို့ရှိမနေ။ကုတင်ပေါ်တွင်ကုတ်ကုတ်လေးဘအိပ်နေသည့်အေးရိပ်ကို
"ရိပ်။ "
အားနက်လည်းမနှိုးရက်တာကြောင့် နားရွက်ဖျားနားကပ်ကာအသာတကြည်ခပ်တိုးတိုးနှိုးတော့အင့်ခနဲအသံပြုသည်။"ထတော့ထမင်းစားမယ်။ "
ဘေးကစားပွဲကိုလှည့်၍ မီးခွက်တင်လိုက်တဲ့အချိန် နောက်မှလက်ကိုဖွမ်းဆွဲခြင်းခံလိုက်ရသည်။ တော်သေးသည်ကရေနံမီးခွက်ထွက်မကျတာ။လက်ကိုဆွဲလိုက်သည့် အရှိုန်ကမသေးတာမို့ ခုတင်ဆီပြုတ်ကျသွားလေသည်။ထိုအခါမှအေးရိပ်ကိုမှ နားရွက်ဖျားကပ်၍
"ထပ်အိပ်လို့မရဘူးလား။ "
မျက်လုံးလေးပေကလပ်ပေကပ်ဖြင့် ချစ်စဖွယ်ကြည့်လာသည်။"ထ နောက်မအိပ်ရတော့မှာကျလို့။ "
တအီအီလုပ်နေသည့် ရိပ်ကသူ့ကိုဆွဲထူဆိုသည့် သဘောဖြင့်
နောက်လက်တစ်ဖက်ကို ကမ်းပေးသည်။ သူ့ထက်လေးသည့်ခန္ခာကိုယ်ကို ဆွဲရသည်မှာမလွယ်ပင်မဲ့။ညိုလှသက်မှာမငြိုငြင်ရက်။ ခုံတွင်ချထားသည့် ရေနံမီးခွက်ပြန်ယူပြီး ထမင်း စားခန်းရှိသည့်နေရာကိုဆင်းလာကြသည်။"ဦးလေးနှင့်အရီးကော။ "
"ဟိုဖက်ရွာကမနက်ကျမှပြန်လာမှာ။ "
"အော်။ "
ထမင်းစားဝိုင်းက အုပ်ဆောင်းကိုဖွင့်လိုက်တော့ သက်ဟာတော်တော်လေး ဖွယ်ဖွယ်ရာရာချက်ထားပေးသည်။
ညိုလှသက် ရေဆေးသည့်နေရာမှ လက်ဆေးဇလုံယူလာပြီး အေးရိပ်ကိုလက်ဆေးရန် ထမင်းစားဝိုင်းအစွန်တွင်ချပေးလိုက်သည်။"သက်လက်ရာတောင်မစားရတာကြာပြီ။ "
" ကျွန်မမချက်ကျွေးတာမဟုတ်ဘူး။ရှင်လေးအိမ်မလာတာပါ။ကဲစားစရာရှိတာစားတော့။ "
မျက်လုံးလေးပေကလပ်ပေကလပ်နဲ့ ထမင်းဝိုင်းကတစ်ခုခုရှာနေပုံရသည်။ ညနေကမူးလာသည့်သူဟာ သူမဟုတ်သလိုပင်မျက်နှာဟာလည်း ကြည်လင်နေသေးသည်။