မြရစ်နွယ်ဒုက္ခရောက်နေရင် ပျော်ပေးနေရမည်ကို ခုကိုယ်က စိတ်ပူနေမိသည်။ပြီတော့ ဘာလို့များသွားနမ်းမိပါလိမ့် ငါနှင့်ဘာမှမဆိုင်တာကို စိတ်ကတိုချင်နေရသေးတယ်။သူများပါးသွားနမ်းပြီး ဘာတဲ့မွှေးလားလို့လဲ။ နင်သနပ်ခါးမွှေးလား မမွှေးဘူးလားမသိဘူးလား။ ဟူးရူးတော့မှာပဲ။
မှောင်ရီပျိုးစ ထမင်းစားပြီးလောက်အချိန်တွင် အေးရိပ်ကိုတစ်ယောက် အိမ်ရှေ့ကကွပ်ပျစ်ပေါ်လှဲ၍ အတွေးနွံထဲနှစ်နေသည်။ ရမ်သွေးနှင့်ဆုကုဋေကတော့ အဘတို့နှင့်စကားပြောနေသည် ဘယ်လိုနေနေစိတ်မကြည်သည့်အေးရိပ်ကိုကတော့ ဘယ်သူနှင့်မှစကားမပြောချင်။
"အေးရိပ်ကို...။ "
အေးရိပ်ကိုလှဲနေသည့် ကွပ်ပျစ်အစွန်တွင် ရမ်သွေးလာထိုင်ပြီးခေါ်တာတော့ လှည့်ကြည့်လိုက်သည်။"ဆုကုဋေကော။ "
"ဒေါ်ဒေါ်တို့နှင့်စကားပြောနေတယ်။ "
ဆုကုဋေက ပညာတတ်အမှုထမ်းမျိုးရိုးပီပီလူကြီးရောလူငယ်ရော စကားဖောင်ဖွဲ့ပြောနေတတ်သောကြောင့်မေမေတို့နှင့်စကားလက်ဆုံကျနေလောက်ပြီ။"အော်နေရထိုင်ရတာသက်တောင့်သက်သာရှိတယ်မလားရမ်သွေး။ "
"အာရှိပါတယ်။ငါတို့ကသာမင်းတို့ဆီလာနေလို့ဝန်ထုတ်ဝန်ပိုးဖြစ်နေမှာစိတ်ပူတာ။ "
အားနာတတ်ပြီးစကားနည်းသည့်ရမ်သွေးဟာသူပီသစွာပဲ
တည်းခိုခွင့်ပေးတာကိုအားနာပြန်ပြီ။"ဘာဝန်ထုတ်ဝန်ပိုးမှမဖြစ်ဘူး။ပျော်သလောက်ကြိုက်သလောက်သာနေ။ "
"ကျေးဇူးပဲ။ ဒါနဲ့လေ ညိုလှသက်နှင့်ခင်တာကြာပြီလား။ "
ရမ်သွေးမျက်နှာကို ဖြတ်ခရဲလှည့်ကြည့်လိုက်တော့ ခံစားချက်တစ်ခုခုနှင့်သိချင်စိတ်တစ်ခုခုဖြတ်ပြေးနေသည်။"ငယ်ငယ်တည်းကသိတာ။သက်ရှစ်တန်းပြီးတာနဲ့ကျောင်းဆက်မတတ်တော့ပဲသူနာပြုအကူတတ်တာလေ။ အဲတုန်းကတည်းက ကျောင်းတော့မတူဘူးပေါ့။ "
"အော်။ဒါနဲ့လေ ညို့ကိုကျွန်တော်မေးကြည့်တော့သူ့မှာသဘောကျတဲ့သူရှိတယ်တဲ့။ အေးရိပ်ကိုများသိမလားလို့။ "