အပိုင်း (၁၄)

1.9K 85 15
                                    

ရေတစ်ဝက်စိုရွှဲနေသည့် အကျီဖြင့်အညာနေပူပူမှာရပ်နေသည့် အေးရိပ်ကို။

"အေးရိပ်ကို။ "
နောက်ကနေ ခပ်ဖွဖွလာကိုင်သော လက်တစ်စုံ ပုခုံးပေါ်ရောက်မှ ဒီနေရာမှာရပ်နေမိသည့် ကြာချိန်ကိုတွေးမိသည်။

"အဆင်ပြေလား။ "
အေးရိပ်ကိုဆီမှ အပြန်စကားမလာတာကြောင့် ထပ်မေးလာသည့်ဆုကုဋေ အင်း...ဒါဆိုသူဒီနေရာရောက်နေတာကြာနေလောက်ပြီပေါ့။

"အ... "
အဆင်ပြေပါတယ်လို့ပြောမဲ့စကားကို "အ"တစ်လုံးတည်းနှင့်တင် လည်ပင်းပေါ်တင်နေခဲ့ပြီ။ကျန်စကားလုံးများထွက်ကျမလာ။

"အိုင်တို့ကသူငယ်ချင်းတွေပဲ ဟန်မဆောင်ပါနဲ့။ပြိုလဲချင်ရင်ပြိုလဲလို့ရတဲ့ လူစားမျိုးပါ ခုအိမ်အရင်ပြန်မယ်။ကျန်တာစိတ်အေးအေးနှင့်ရှင်းကြတာပေါ့။ "

အေးရိပ်ကိုလက်တစ်ဖက်ကို ဆွဲခေါ်နေသည့် ဆုကုဋေကိုကြည့်လိုက်ပြီး ပြုံးပြလိုက်မိသည်။ ဘာပဲဖြစ်ဖြစ်အကောင်းဆုံးနားလည်ပေးနိုင်တဲ့ သူငယ်ချင်းပဲမလား။

ဆုကုဋေနှင့်အတူ အိမ်ပြန်ရောက်လာကြပြီး အိမ်ထဲမှာငါးမိနစ်လောက်ထိုင်နေရင်းကမှ ဆုကုဋေဖက်ကပဲစကားစလာသည်။

"ငါဒီတစ်ခါတော့ လူကဲခတ်ညံ့သွားတာပဲ။ အဲလိုမှန်းသိရင် ရမ်သွေးကိုမြှောက်ထိုးပင့်ခေါ်မလုပ်ခဲ့ပါဘူး။ "

အေးရိပ်ကိုဆတ်ခနဲ ဆုကုဋေကိုကြည့်လိုက်ပြီး ပြန်လှည့်သွားသည်။

"ငါ့အထင် ညိုလှသက်ကို ငါ့နှမလိုပဲသဘောထားတယ်ထင်တယ်။ အဲကြောင့် ငါရမ်သွေးနှင့် သဘောတူနိုင်တာပေါ့။ "

လေပြင်းတစ်ချက်မှုတ်ထုတ်လိုက် လက်နှစ်ဖက်ကိုဖျစ်ညှစ်လိုက်နှင့် ပြောနေသည့် အေးရိပ်ကိုဟာ အလွန်ပူလောင်နေမှန်းသိသာလှသည်။ အင်းသူ့နေရာမှာ ငါသာဆိုလည်းအဲလိုဖြစ်မှာ။

"အဲဆို ရမ်သွေးနှင့်သဘောတူလို့ ယူကရှောင်ထွက်နေတယ်ဆိုတဲ့သဘောပေါ့။ ယူတို့ဘယ်လိုဆက်ဆံရေးလဲပြောပြလို့ရလား။ ငါကြည့်ရသလောက်တော့ နင်ပြောသလို သူငယ်ချင်းပဲမြင်ပင်မဲ့ နင်တို့ဆက်ဆံရေးကပိုနီးနေအုန်းမယ်ထင်လို့။ "

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

သူကြီးသမီးက ကျုပ်အပိုင်Where stories live. Discover now