အချိန်ကတော့ မြူခိုးများနှင့် အပျင်းကြောကပ်လောက်အောင် အေးသော ဒီဇင်ဘာလ၏ မနက်ခင်းတွင် အပျင်းကြီးသော လူငယ်တစ်ယောက်ဟာ မန္တလေးပညာရေးကောလိပ်ဝင်းထဲတွင် တစ်ဦးထဲ အမှိုက်လှည်းနေရပါတယ်။
"ဟူး....ပင်ပန်းလိုက်တာ၊အိပ်ယာထလေးနောက်ကျတာကို အဆောင်မှူးကလည်း တအားဘဲ" ဤအသံပိုင်ရှင်ကတော့ မည်သူမှမဟုတ် ကျွန်တော်မျိုး ဇာတ်လိုက် "မောင်ဇွဲမှန်"ဘဲ ဖြစ်ပါတယ်။ကျွန်တော်ဟာ မိန်းမလှကျွန်းလို့ တင်စားရသော မန္တလေးပညာရေးကောလိပ်တွင် တက်ရောက်နေသော ပထမနှစ်ကျောင်းသားလေး ဖြစ်ပါတယ်။မိန်းမလှကျွန်းလို့ ခေါ်ရသည့်အကြောင်းမှာ ကျွန်းတစ်ကျွန်းပေါ်တွင် သောင်တင်နေသည့် မည်သူမှကြိုက်မည့်သူမရှိသောမိန်းကေလးလှလှေလးများေပါများေသာကြောင့် ဖြစ်ပါတယ်။အဲဒီမိန်းကလေးများထဲတွင် ကျွန်တော် စည်းကျော်ပိုင်ခွင့်မရှိသော မိန်းကလေး သူငယ်ချင်းတစ်ယောက်ရှိပါတယ်။အနေအထားက ကလေးဆန်ပေမယ့် သူလည်း ငပျင်းမလေးတစ်ယောက်ဖြစ်ပါတယ်။အသွင်တူလို့ အိမ်သူဖြစ်စေချင်ခဲ့ပင်မယ့် ကံတရားရဲ့ အလွဲလေးတွေကြောင့်......သူနဲ့ကျွန်တော်....။"ဟိုကောင်.....တံမြက်စည်းမလှည်းဘဲ...ဘာတွေတွေးနေတာလဲ..၊မြန်မြန်လှည်း..." အဆောင်မှူး ဦးဇော်ဇော်၏ အော်သံကြားမှ ဇွဲမှန်အသိပြန်ဝင်လာတယ်။"ဟုတ်ကဲ့.."လို့အော်ပြောကာ တံမြက်စည်းလှည်းရင်း နှုတ်မှ ရေရွတ်နေမိသည်မှာ "တစ်နေ့တော့....တစ်နေ့တော့...တစ်နေ့တော့..."