အချိန်Δ day off(အားလတ်ရက်) ပိတ်ရက်ရဲ့ထုံးစံအတိုင်းMEC(mandalayeducationcollege)စားဆောင်တွင်အထူးပဲဟင်းများကိုလာမစားကြသောကြောင့်ခြောက်ကပ်နေသည်။အဆောင်မှုးလက်စွဲတပည်များနင့်လူရိုးလူေအးများသာစားေဆာင်တွင်တွေရသည်မှာထုံးစံပင်ဖြစ်နေသည်။ကျွန်တော်ကိုယ်တိုင်ပင်အပြင်ထွက်စားရန်သူငယ်ချင်းမလေးကိုစောင့်နေခြင်းဖြစ်ပေသည်။"ဟော.....လာပါပြီးဗျာ...." MECအဆောင်သူတို့ထုံးစံအတိုင်းဆံပင်နောက်ပစ်ကစုစည်းထားအားကစားအင်္ကျီလက်တိုကိုထမိန်ထဲထည့်၀တ်ထာသည်မှာအဆောင်သူပါဟု ကိုယ်ပေါ်တွင်ဆိုင်းဘုတ်ချိတ်စရာမလိုအောင်ပင် ....."နင်ကလည်းဟာ ကြာလိုက်တာ...."ဟု ကျွန်တော်ကပြောသဖြင့်သူက
"နင်ကလည်းအလှပြင်ရသေးတယ်ဟ"ဟုပြန်ပြောသောအခါ သောက်နေသောအချိုရည်များနှင့်ကျွန်တော်အချိုရည်သီးတော်မူပေသည်။သနပ်ခါးဘဲကြား ဆံပင်ဘုတ်သိုက်နဲ့သူအလှများမပြင်ရင်ဘာလိုပါလိမ့်လို့ကိုယ်ဘာသာမေးခွန်ထုတ်နေမိပေသည်။"ကဲ့ပါ...ကြာတယ်သွားစို့.."ဟုဆိုတာသူကိုယ်တိုင် ရှေကဦးဆောင်သွားရင်ကျွန်တော်တို့အတူစားနေကြဖြစ်သော၃၅လမ်းပေါ်မှအန်တီကြီးမုန်ဟင်းခါဆိုင်လေးသို့ရောက်လေသည်။မုန့်ဟင်းခါး၂ပွဲမှာပြီးနောက်သူကရုတ်တရက်ထပ်ရပ်ကာ"ဟာ.......သွားပြီးသွားပြီး"
"အမ်...ဘာသွားတာလဲဟ....."
"ငါပြောရမှာတော့ အားနာတယ်ဟာ..."
"ရပါတယ်ဟ...ဘာဖြစ်လို့လဲ"
"ငါလေ..........."
"အေးပြောလေ.."
"ပိုက်ဆံမေ့ခဲ့လို့ဟ.."
"HooMyGod"ကျွန်တော်အတော်ပင်အံဩမိသည်။ဆိုင်ကိုပိုကျဆံမပါဘဲလာတာဒါထမဆုံးလားမေးချင်မိသည်။ရှက်မှာဆိုးသဖြင့်မမေးတော့
"ရတယ် ရတယ် ငါပါတယ် ငါရှင်းပေးပါမယ်ဟာ"
"တကယ်"ဆိုပြီး သူပျော်သွားတော့ ကျွန်တော်လည်းပျော်မိသည်။သို့သော်အပျော်မှာကြာကြာပင်မခံခဲပေ။မမင်းကြီးမကစားလည်းပြီရောနဂါးစာအုပ်ဆိုင်သို့ရှေ့က သွားပြန်လေသည်။ .ကျွန်တော်ခမျာသူကိုင်တဲ့စာအုပ်တွေ စာအုပ်ဈေးနှုန်းတွေကြည့်ပြီး ပါလာတဲ့ပိုက်ဆံနဲ့ သင်္ချာပုစ္ဆာတွေတွက်နေရတာ အမော.....ကောင်တာမှာ ငွေလည်းရှင်းပြီးရော ကျွန်တော်ရဲ့ ထောက်ပံ့ကြေး၁သောင်းခွဲလေးလည်းဆုံးရောသူကတော့ပြောပါတယ်ငါအိမ်ကလာရင်းပြန်ဆပ်မယ်တဲ့မဆပ်နိုင်လည်းရပါတယ်လူသိမ်းပစ်မယ်လို့ပြောလိုက်မိပါတယ်။ကိုယ့်ဘာသာစိတ်ထဲကာ......ဟူး..ဒီလိုကောင်မလေးကိုကျွန်တော်ဘာလိုများတစ်ဖက်သတ််ချစ်မိပါလိမ့်ဘာလိုများ စည်းကို ကျော်ရပါလိမ့်.အတွေးများစွာတွေးရင်သူ၀ယ်ခဲ့သောစာအုပ်များကိုင်ကားလေးလံသောခြေလှမ်းများနဲ့သူနဲ့စကားဖောင်ဖွဲရင်းပြန်လာခဲ့လေသည်မှာမွန်းတည်ချိန်တောင်ရောက်ရောပေါ့..