Friend Zone (Part-6)

0 0 0
                                    

အချိန်~ကျောင်းဖွင့်ရက်(မနက်၆နာရီ)
"အားလုံး သတိ.....တပ်စုလိုက်သတင်း..ပို့"ဟု ရဲရင့်စွာ လူတစ်ယောက်သည်များစွာသော MECရဲဘော်များရှေ့မှာနေ၍သတိရှိရှိ အော်လိုက်သည်။ဤသူကတော့ မင်းသားကြီး
မောင် ဇွဲမှန် ပါဘဲ
သူနှင့်အပြိုင် နောက်ထပ်ပုဂ္ဂိုလ်တစ်ဦးဟာလည်းအတန်းသားအားရှေ့သို့ ထွက်ခါကျယ်လောင်သောအသံဖြင့်အော်လိုက်သူမှာ ဇာတ်လိုက်ရဲ့သူငယ်ချင်းမောင်၀င်း‌ဦးဘဲ ဖြစ်ပါတယ်။(၀င်းဦးသည် နာမည်လိုက်အောင် အရပ်ပုပု ခပ်၀ဝ နှာခမ်းမွေးကြီးထားတက်သူဖြစ် သည်။)
သူအော်လို့အဆုံးမှာဘဲ တာ၀န်ခံဆရာမ(ကာယဆရာမ)သည် အလျင်အမြန်ရောက်လာကား
"ဟဲ့......၀င်းဦး နင်ဘာတွေအော်သွားတာလဲ"
"တီချယ် အော်ခိုင်းသလိုအော်တာလေ"
"အေး အ‌ဆိုပြန်အော်စမ်း"
"ဟုတ်"
"ပ-S1 စာရင်းရှိ ၇၂ တန်းစီ ၆၇ လမ်းလျှောက် ၂ အိမ်သာ၃ ပျက်ကွက်မရှိ တန်းစီပြီး အသင့်"
"ဟဲ...၀င်းဦး ‌လမ်းလျှောက်နဲ့ အိမ်သာက ဘာလိုပါရတာတုန်း"
"တီချယ်ဘဲ တိကျရမယ်ဆို.....ကျွန်တော်အော်ဖို့ ပြင်တဲ့ အချိန်မှာ
မရောက်သေးတဲ့၅ယောက်မှာ ၃ယောက်က ကျွန်တော်ကို ဆောင်မှာကတည်းက
ညမအိပ်ခင်ကတည်းက လာ‌‌ပြီး
"ငါတို့ မနက်ဖြန် အိမ်သာသွားဖို့ရှိတယ်"လို ကြိုပြောသွားပါတယ်"
ကျန်တဲ့၂ယောက်ကတော့ ဟိုမှာ လမ်းလျှောက်လာနေလို့ပါ။"
‌၀င်းဦး စကားအဆုံးမှာဘဲ အသံနှစ်သံကို ရှေ့ဆင့်နောက်ဆင့်ကြားပြီးနောက် တစ်ကွင်းလုံးရယ်မောသံများနှင့် ပြည်သွားပါသည်။

အသံနှစ်သံက "ဒေါက်" "အား"

၀င်းဦးကို တီချယ် ခေါင်း‌ခေါက်လိုက်ခြင်းဖြစ်သည်
ကာယချိန်ပြီးလို့ ဖွံဖြိုးရေးချိန်ရောက်သောအခါ
ကျွန်တော်တို့အတန်းသည် ဂီတခန်းသိုသွားကြရသည်။
ဂီတအခန်းသည် ဇာတ်ရုံတွေလို့ ခုံတွေက နိမ့်ရာမြင့်ရာသို့ တက်နေသည်မှာ ‌ကျောင်သား ကျောင်းသူတွေ အကြိုက်
ဖြစ်နေသည်။
အဘယ်‌ကြောင့်ဆို အတန်းချိန်မှာ Gameဆော့ မုန့်ခိုးစားလို့ရသောကြောင့် ဖြစ်သည်။
ခုလည်း ကျွန်တော်တို့ အုပ်စုသည် ပါလာသောမုန့်များကို ခုံအောက်တွင်ထားက အားရပါးရ ထိုင်စားနေကြသည်မှာဂီတသီချင်းများ ဆိုဖို့ရန်ပင် မလွယ်.....
အဲ့ဒါကို တားရ‌ကောင်းမှန်းမသိသော ကျွန်တော်ရဲ့ အချစ်(my crush)
ကျွန်တော်သူငယ်ချင်းမလေးသည်      
  ကျွန်တော်တို့အုပ်စု ‌၏အရှေ့ခံုတွင် လာထိုင်က မုန့်တောင်းစားလေသည်။
ကျွန်တော်ကမုန့်အားလုံးကျွေးချင်သော်လည်း ကျွန်တော်သူငယ်ချင်းများမှာ ကပ်ဘေးသင့်ပြည်သူများပမာ စားသောက်နေသော‌ကြောင့် ကျွန်တော်မှလည်း သူတောင်းသည်ကို
မပေးနိုင်ဖြစ်မိသည်။
ဒါကို မကြည်သောစိတ်ဖြင့် ကျွန်တော် crushလေးသည် ထအော်လိုက်သူမှာ
"ဟဲ့ နင်တို့မုန့်ခိုးစားနေတာလား"
(‌အော် အေးအလှကြည်နေတာ)
ဤအသံကို ဂီ တ ဆရာက ကြားပြီး ကျွန်တော်တို့၏ အဖိုးတန် မုန့်များကိုသိမ်းသွားပါတော့သည်။
သူငယ်ချင်းများခမျာ ၀မ်းနည်းပြီး ဆော့လတ်စ gameပင် savageကြီး
အော်နေသည်မှာ ရန်သူဘက်က.....
သူမကတော့ ပြုံးနေလိုက်တာ မပြုံးလေး‌ လို့ ဘွဲ့ပေးလောက်သည်။
‌ဟူး......မုန့်မကျွေးလို့တဲ့လား...ကောင်မလေးရယ်.....

Friend ZoneWhere stories live. Discover now