အရင်နေ့ေတွလိုဘဲ ကျွန်မကျောင်းသွားဖို့ ပြင်ဆင်နေပါသည်။
လက်ပတ်နာရီကို ရုတ်တရက်ကြည်လိုက်တော့ ၈နာရီထိုးနေပြီး။"ဒေါက်....ဒေါက်...ဒေါက်"
အခန်းတံခါးခေါက်သံကို ကျွန်မကြားလိုက်သည်။တံခါးကို အပြေးအသွား ဖွင့်လိုက်ရာ တံခါးခေါက်သူမှာ မမဆု မှန်း သိလိုက်ရသည်။
"မြတ်...အမ ဒီနေ အဆောင်dutyကြလို့ မြတ်တစ်ယောက်တည်း သွားလိုက်တော့နော်"
"ဟုတ်..မမဆု"
ဟု ပြောပြီး လုပ်စရာ အလုပ်များကို ဆက်လုပ်ရင်း
ြမတ်တစ်ယောက် ကျောင်းသွားဖို့ပြင်နေသည်။ဒီနေ့တော့ ကျွန်မတစ်ယောက်တည်း ကျောင်းကိုသွားရတော့့မည်။
ထိုကြောင့် လက်ဆွဲအိတ်ကို ကောက်ယူ၍ သွားမည်ပြုကားမှ
ဖတ်စရာ စာအုပ်တစ်အုပ် လောက်ယူသွားမှဘဲ ဟုအောက်မေ့၍
စားပွဲပေါ်က စာအုပ်တစ်အုပ်ကို သာမန်ကာလျှံကာယူ၍
ထွက်လာခဲ့သည်။
ကျောင်းသွားရာ လမ်းတစ်လျှောက်တွင် ကျွန်မသည် ဟိုတွေးဒီတွေးနှင့် အတွေးလွန်နေသည်။သို့သော် တစ်စုံတရာကို တွေးလိုက်ရာ ကျွန်မရဲ့ အတွေးရော ခြေလှမ်းများပါ ရပ်သွားသည်။
ထို တစ်စုံတစ်ရာက သစ်သီးဆိုင်လေးပင် ဖြစ်ပါသည်။များသောအားဖြင့် ပန်းသီး၊လိမ္မော်သီးများကို သုံးဘီးဆိုင်ကယ်လေးဖြင့် ကျောင်းပေါက်၀တွင် လာရောင်းတက်သော
ဆိုင်လေးဖြစ်သည်။ကျွန်မတို့ကတော့ လွယ်လွယ်ကူကူ သစ်သီးဆိုင်ဟုပင်ခေါ်တက်ကြသည်။
ထိုဆိုင်လေးကို တွေးဝေစွာကြည်နေရင်း ကျွန်မမျက်လုံးထဲတွင်
အတိတ်ပုံရိပ်တစ်ခု ၀င်လာသည်။
အိပ်ငိုက်တက်သော သူနှင့် ကျွန်မတို့ နှစ်ယောက်အတွက် ဤအသီးဆိုင်မှလိမ္မော်သီးလေးများသည် အဖိုးတန်လေးများ ဖြစ်သည်။စာသင်ချိန်တွင် အိပ်ငိုက်တက်သော သူနှင့် ကျွန်မတို့သည်
စာမေးတက်သော တီချယ်များ၏ ရန်မှ ကင်းဝေးရန် ဤလိမ္မော်သီးလေးများကို ခိုးစားလေ့ရှိကြသည်။
ထိုကြောင့် သူနှင့်ကျွန်မ ဒီသစ်သီးဆိုင်မှ လိမ္မော်သီးများကို အမြဲတမ်းလို လို ၀ယ်တက်ကြသည်။
၀ယ်ကြသည့်အခါတိုင်း ကျွန်မသည်ကောင်းပေ့ဆိုတဲ့ လိမ္မော်သီးများကို
အချိန်ပေး၍ရွေးသည်တိုင်း သူက ဘေးကနေ့ စိတ်ရှည် လက်ရှည်နှင့် စောင့်ပေးရှာသည်။တစ်ခါတစ်လေတွင် သူက ကူရွေးပေးတက်သည်။
ဈေး၀ယ်သည့်အခါတွင် ကျွန်မအကျင့်တိုင်း
"ဦးလေးရေ..ဒီဟာလေးရော အဆစ်ယူလိုက်ပြီး ရတယ်မလား"လိုပြောသောအခါ၌လည်း သူက စသလိုနောက်သလို နဲ့
"ဦးလေးကြီးက နင်ကို ရှောင်ကောကောတစ်ယောက်အဆစ်ပေးရင်းရော ယူမှာလား"
"ယူမှာပေါ့ဟ ဘယ်သူကိုလဲ"
"ငါလေ..ဟားဟား"
"ကောင်စုတ်..."
"အား...."
ကျွန်မသူ့ဗိုကေခါက်ကို လိမ်ဆွဲလိုက်သည်။အတိတ်ပုံရိပ်များက ကျွန်မမျက်လုံးထဲတွင် ထင်ကျန်နေဆဲ..."တီ...တီ..တီ.."
"အမေ့..."
တစ်စုံတစ်ယောက်က ကျွန်မကို လက်ဆွဲလိုက်သည်။
"ြမတ်နိုး ...နင်သေချင်နေတာလား"
"လမျးကူးတာကို သတိမထားဘူး"
"အယ်...ဇွဲမှန်"
"Sorryဟာ...ငါအတွေးလွန်သွားလို့""နင်ကဘာတွေ တွေးနေတာလဲ""ဘာလဲ ငါအကြောင်းလား..ဟဲဟဲ"
"ဝေးသေး.."
"အေးပါ မဟုတ်ရင်းလည်း ပြီးတာဘဲ။လာ သစ်သီးဆိုင် သွားရအောင်..."
"အွန်း....သွားမယ်လေ"
(ဟူး.......ဇွဲမှန်ရေ...နင်လေ
ဘယ်တောများမှ့ ဖွင့်ပြောမှာလဲဟာ..).(သူမ၏စိတ်ထဲတွင်)"အယ်..ဒါနဲ့ ြမတ်နိုး happy new yearညက ကိစ္စကလေ.."
"ဟာ...မသိဘူးဟာ...သွားပြီး"
"ဟာ...ြမတ်နိုး...ဟိတ်..အော်"
"ဟူး...ဆိုင်ရှင် ဦးလေးရေ ...သူယူသွားတဲ့ဟာရော
ကျွန်တော်ဟာပါပေါင်းလိုက်တော့"
"ငါ့တူ သတိထားနော် ကောင်မလေး က အလည်လေးကွာ"
(MEDCကျောင်းသူများ အတုယူကြပါနဲ့)"ဟုတ်ကဲ့ ကျေးဇူးပါဗျာ"
ဇွဲမှန်တစ်ယောက် လိမ္မော်သီး အိတ်များကို ဆွဲရင်း စိတ်ထဲတွင် ကြိမ်းဆဲနေသည်မှာ
"
"လူလည်မလေး နောက်ဘ၀ဆက်တိုင်း ငါဖူးစာဖက် ြဖစ်ပါစေ"