Friend Zone (Part-3)

0 0 0
                                    

"ဘယ်သူအတွက်လဲ...ပြည်သူအတွက်ဘဲ" "ဘာစိတ်ဓာတ်လဲ..သံမဏိစိတ်ဓာတ်..သံမဏိစိတ်ဓာတ်...(ဘယ်ညာဘယ်ညာ...ဘယ်ညာဘယ်)²
ကျွန်တော်တို့သည် စုပေါင်းလမ်းလျှောက်ပွဲအတွက် မန္တလေးပညာရေးကောလိပ်မှ မန္တလေးကျူံးဘေးရှိ မင်္ဂလာတံတားသို့ ထွက်လာခဲ့ကြသည်။ဒီဇင်ဘာလ၏အအေးဒဏ်ကို အန်တုရင်း သံပြိုငအော်ကာ လမ်းလျှာက်လာခဲ့ကြသည်။ ဇွဲမှန်တို့ အုပ်စုသည်လည်း အိပ်ချင်းမူးတူးနှင့် လိုက်ပါလာခဲ့ပြီး သူတို့၏နောက်တွင် မြတ်နိုးတို့ သာလိကာ အုပ်စုလည်း လိုက်ပါလာသည်။"ဟဲ့..မနေ့ညက ငါကြည့်တဲ့ဇာတ်ကားကလေ @$#&+-!%¥" "ဟုတ်လား..မင်းသားကရော ချောတယ်နော်" "ချောတာပေါ..EXOအဖွဲထဲကလေ" "အေး..ချစ်စရာလေးဟယ်...မင်းသမီးနဲ့တောင်မတန်ဘူး" "အဆို ဘယ်သူနဲ့တန်တာလဲဟ?" "ငါနဲ့လေ..." "ကောင်မ...!" မြတ်နိုးတို့အုပ်စု ညကဇာတ်ကားကို ဖောက်သည်ချနေခြင်းဖြစ်ရာ ဇွန်မှန်တစ်ယောက် နားညီးလာ၍ နောက်လှည့်ကာ "ဟေ့..အမေကျော်ဒွေးတော်လွမ်းမနေကြနဲ့ ကြားလား" မြတ်နိုးတို့အဖွဲ့မှ ယုယက "ဟဲ့...ဘာပြောတာလဲ...နင်ပြောတာငါနားမလည်ဘူး"ဇွဲမှန်က "ဪ..နင်တို့က ရှေ့ကလမ်းလျှောက်နေတဲ့..Oppaတွေကိုကျော်ပြီး...မဖြစ်နိုင်တဲ့ idolတွေကိုကျော်ပြီး မဖြစ်နိုင်တဲ့ idolတွေကို မှန်းမနေနဲ့လို့ပြောတာ" "‌အမယ်...ကောင်စုတ်...သူကိုသူများ အိုးပါးတဲ့" မိမြတ်နိုး စိတ်ဆိုးပြီး စီးထားတဲ့ အားကစားဖိနပ်နှင့် ဇွဲမှန်ကို ကန်ပါတော့သည်။ဤသို့ စနောက်ရင်း ကျွန်တော်တို့ အဖွဲ့လည်း ကျုံးဘေးသို့ရောက်ရှိခဲ့သည်။ထို့နောက် စုပေါင်းလမ်းလျှောက်ပွဲအခမ်းအနားစပြီးနောက် ဗထူးအာကစားကွင်းထဲသို့ ဝင်ရောက်ကြသည်။ပြီးနောက် အတွဲ (၁) (၂) အေးရိုးဗစ်များ ကစားကာ အခမ်းအနားကိုသိမ်းခဲ့ကြသည်။အပြန်တွင် "ဟဲ့...ဇွဲမှန် ငါကျောငိးမပြန်သေးဘဲ assiအတွက် ဓာတ်ပုံသွားထုတ်မို့ လိုက်ခဲ့ပါလား" "နငိက စားဆောင်မသွားတော့ဘူးလား" "အင်း...မသွားတော့ဘူး။အပြင်မှာဘဲ စားတော့မယ်" "နင်တစ်ယောက်တည်းသွားမလား" "အင်း...။ဟုတ်တယ်။ငါတစ်ယောက်တည်း ယုယနှင့်အိမွန်တို့က ပြန်ကြမှာဟ။အကြောင့် နင်ကိုခေါ်တာပေါ့" ဇွဲမှန်ပျော်သွားသည်။မြတ်နိုးနှင့်နှစ်ယောက်က်တည်း သွားရ၍ အတိုင်းမသိဝမ်းသာသွားသည်။ "အေး...အဆို၊ငါ လည်း ဝင်းဦးတို့ကိုပြောလိုက်အုံးမယ်" ဇွဲမှန်တစ်ယောက် ၀င်းဦးတို့ကို ပြောပြီးနောက် မြတ်နိုးနှင့်အတူ ကွန်ပျူတာ မိတ္တူဆိုင်သို့ ထွက်လာခဲ့သည။.....
မြတ်နိုးတစ်ယောက်သူအတွက်ရော သူ့သူငယ်ချင်းများအတွက်ပါ စုပြီးဆိုင်ရှင်အမနဲ့ဓာတ်ပုံများထုတ်နေသည်။ဇွဲမှန်လည်းပါလာတဲ့ဖုန်းနဲ့ Gameလေးတစ်ပွဲထိုင်ဆော့နေလိုက်သည်။ "Defeat" "ဟာ..ဂိမ်းကလည်း ငနုတွေနဲ့ " ဇွဲမှန်တစ်ယောက် ဖုန်းပြန်ပိတ်ပြီး မြတ်နိုးပြီးပြီလားကြည်လိုက်ရာ
မိမြတ်နိုးရဲ့လက်ထဲတွင် ဓာတ်ပုံတွေမှာ အထပ်လိုက် နှိုင်းကြည်ရင် မြန်မာအဘိဓာတ် အထူလောက်ရှိသည်။ "မြတ်နိုး..များလှကြည့်လား" "အစားထုတ်ပေးတာလေ " "နင်ကလည်း ...အဲလောက်ကြီးကျ နင်ပင်ပန်းတာပေါ့"
မြတ်နိုးက ဇွဲမှန်နားကပ်လာပြီး
"ရှူး တိုးတိုး....ငါက တစ်ပုံကို တစိဆယ်အမြတ်တင်မှာလေ..ဟဲဟဲ "
ဇွဲမှန်တစ်ယောက် ရယ်ချင်သွားသည်။စီးပွားသမားလေးကိုပြုံးကြည်၍သာနေလိုက်တော့သည်။ထို့နောက် ကျွန်တော်တို့လည်း ပြန်လာရင်း လမ်း (၃၀)အရောက်မှာ "ဟဲ့...ခဏလိုက်ခဲ့အုံး..ငါ အိမ်တွင်းမှုအတွက် ချည်လုံးဝယ်ချင်လို့..လိုက်ခဲ့ပေးအုံး" "ဟာ..ကျောင်းချိန်နီးနေပြီးနော်.." "အေးပါ ...ခဏဘဲ" လမ်း(၃၀)၊(၃၅)ထောင့်ရှိ ချည်လုံးဆိုင်လေးသို့ ဇွဲမှန်ပါသွားသည်။"အန်တီ...ချည်လုံး လိုချင်လို့ပါရှင်" "ဪ..သမီး..အေးအေး..ဒီတစ်ခေါက်တော့ ကောင်လေးနဲ့ပါလား" ဇွဲမှန်တစ်ယောက် စိတ်တွေကြွတက်သွားသည်။အန်တီကြီးက သူကို မြတ်နိုးကောင်လေးလို့ထင်တာကိုး။
"ဟာ..အန်တီကြီးကလည်း..." မြတ်နိုး ဇွဲမှန်ကို ကြည်မိသည်။ ဇွဲမှန်လည်းကြည်နေသည့်အတွက် မျက်လုံးချင်စုံသွားပြီးနှစိဦးသာ ရှက်သွားသည်။
"ကောင်လေးအတွက်..ထိုးပေးဖို့လား"မြတ်နိုးဘာပြောရမှန်းမသိဖြစ်လာပြီး "ဟုတ်တယ်..အန်တီ..နှစ်ခုပေး" "အေးအေး..ညည်းတို့လျှောက်လည်ကြဘူးလား" "မလည်ပါဘူး...အန်တီရယ်" "အေးပါ လည်ရင် အောင်တော်မူဘုရားသွားလေ " "ဟုတ်ကဲ့." မြတ်နိုးနဲ့အန်တီကြီးတို့ စကားလုံးများကြားတွင် ဇွဲမှန်တစ်ယောက် ပန်းအိမ်ကြီး ဆောက်မိမေလေသည်။ ဆိုင်ကထွက်‌သည်နှင့် မိမြတ်နိုးက ရှေ့က ပြေးလျှောက်တော့သည်။ဇွဲမှန်ကနောက်မှကပါပါလာသည်။နှစ်ယောက်လုံးစကားမပြောတော့ပေ။ မိမြတ်နိုးရဲ့နားရွက်ကလေးတွေနီနေတာကို ဇွဲမှန်သတိထားမိသည်။ ကျောင်းရောက်တော့ လူတိုင်းက အဖြူအစိမ်းကိုယ်စီနှင့် စာသင်ခန်းများသို့ သွားနေကြပြီးဖြစ်ပြီး မိမိတို့ နှစ်ဦးသာ အားကစားဝတ်စုံတွေနဲ့ဖြစ်နေသည။"ဟဲ့..ငါသွားပြီး" ဆိုပြီး မြတ်နိုးတစ်ယောက် မန္တလာဆောင်ဘက်သို့ ပြေးသွားတော့သည်။ ဇွဲမှန်လည်း သီဟ (၁) (၂) ဆောင်ပေါ်သို့ တက်ခဲ့ရာ ပြည်ဖြိုးနဲ့ အတွေ့တွင်"ငါ့ကောင်..ဘာတွေစားခဲ့ရလို့ပြုံးနေတာလဲ" "အချစ်တွေ..."

Friend ZoneWhere stories live. Discover now