Friend Zone (Part-4)

0 0 0
                                    

အချိန်;စာသင်ချိန်(ဒုတိယချိန်)
စာသင်ခန်းကြီးသည် ယခုအခါသုသာန်ကြီးပမာ တိတ်ဆိတ်ငြိမ်‌နေလေသည်။ထိုအချိန်သည်‌MECကျောင်းသားကျောင်းသူများရဲ့ထမင်းအဆိပ်တက်ချိန်ဖြစ်သည်။မနက်ခင်းစာဆောင်မှာ ပဲဟင်းနှင့်သရက်ချဉ်တို့ကို အ၀စားလာကြသော‌‌ကြောင့်အတန်းထဲတွင် ငိုက်လိုကောင်းနေကြသည်။ထိုအပြင်သင်ကြားသည် ဘာသာမှာလည်း အလွန်တွေးရသော ပညာရေးစိတ်ပညာ ချိန်ဖြစ်သည်။ဆရာမ‌‌၏အသံချိုချိုလေးသည် ကျွန်တော်တို့ကိုချော့သိပ်နေသလိုဖြစ်နေသည် ။ထိုချိန်တွင် အသံတစ်သံသည် ရှင်းရှင်းလင်းလင်းထွက်လာသည်။
"ဒုတ်....ဂွက်."မြတ်နိုးတစ်ယောက် ငိုက်ရင်း ‌မေးထောက်ထားသောလက်ကလေး
ချော်က ခေါင်းနှင့်စာသင်ခုံဆောင့်မိခြင်းဖြင့်သည်။‌ရှက်ရှက်ဘေးဝဲရာကို လိုက်ကြည်ရာ ခိုးကြည်‌‌သောကျွန်တော်နဲ့ အကြည်ချင်ဆုံတော့ ရှက်ရှက်နဲ့စာအုပ်အပေါ်  လျှောက်ကြည်နေသည်။"ဟူး....ခိုးကြည်ရတာလည်း မလွယ်ပါလား‌နော်..." စိတ်ထဲမှ‌ပြောမိရင်းရယ်မိသည်။ကျွန်တော်တို့နှစ်ယောက်ဟာ အခန်းလည်းတူ အသင်းလည်း တူ စိတ်ဓာတ်တူ(ပျင်းတာပျင်းတာ)
ပါရဲ့ ဘာလိုများ မနီးစပ်ပါလိမ့်...."ကလင် ခွက် ကလင် ကလင်"ဆရာမက "ဟဲ့ အစောကြီး ရှိသေးတယ် အချိန်ပြောင်းပြီးလား"၀င်းဦးက ထပြီး"မဟုတ်ဘူး တီချယ်"နောက်ဆုံးတန်းက  မိန်းကလေးတွေ ဆရာမကို ဇွန်းတွေခရင်းတွေနဲ့
ဆန္ဒပြနေတာပါ"၀င်းဦးအ‌ပြောအဆုံးမှာပင် တစ်ခန်းလုံးလည်း ရယ်မောခြင်းများနဲ့ စာသင်ချိန်လေးကို ပြန်ပြီး အသက်သွင်းခဲ့ပါတော့တယ်။ဆရာမလည်း အတန်းချိန်ပြီးသွားလို့ ထွက်သွားတော့ ကျွန်တော်ရဲ့ Messagerကအသံမြည်လို့ကြည်လိုက်တော့မြတ်နိုးကစာပို့ထားသည်ကို တွေ့ရသည်။သူငိုက်တာနှင့်ပျက်သက်ပြီးလာမေးချင်ဖြစ်သည်။ဓာတ်ပုံရိုက်ထားလားဘာလားပေါ့ခုတလော  MEC mail boxမှာလည်း အိပ်ငိုက်တဲ့ပုံတွေက ခေတ်စားနေတဲ့အချိန် ဖြစ်သည်အတွက်ကောင်မလေးကြောက်နေခြင်း  ဖြစ်သည်။"မလုပ်ရက်ပါဘူး ကလေးရယ်ရိုက်ခဲ့ရင်းလည်း ကိုယ်အတွက် ခိုးခိုးနမ်းဖို့ဘဲသိမ်းထားမှာပါ"
လို့ ထုံးစံအတိုင်း စိတ်ထဲသာတွေးမိလေသည်။

"ကလင်ကလင်ကလင်"
ထမင်းစားချိန်ဆင်းပြီးဖြစ်သည့်အတွက် ကျောင်းသားများသည်ပုရွတ်ဆိတ်အသိုက် တုတ်နှင့်ထိုးသလိုထွက်လာကြသည်။ကျွန်တော်ရဲ့ အပျင်းမလေးကတော့မုန့်၀ယ်ဖို့ကိုပင် ပျငိးသောကြောင့်
စားတော်ဆက် ကျွန်တော်ကို မုန့်၀ယ်ရန် ဈေးဆိုင်သို့ စေလွှတ်လိုက်သည်။သူခင်မျာ ပျင်းလွန်လို့ စာအုပ်တွေတောင့် ခွဲမယူအကုန်ယူခဲ့သည်
အချိန်စာရင်းတွေဘာတွေမကြည်ချင်ဘူးတဲ့...ဟူး...အတွေးပေါင်းများစွာနှင့် သူကြိုက်တက်သော မုန့်လေးတွေ ၀ယ်ပြီး ပြန်လာခဲ့သည်။အတန်းထဲရောက်တော့ ကျွန်တော်မျက်လုံးပင်မယုံနိုင်....သူလက်ထဲမှာရော သူခုံပေါ်မှာ မုန့်တွေ..
"ဟာ...ဒီကောင်မလေးတွေဗိုက်စားစားနဲ့ သူများခုံအောက်ကဟာတွေယူစားပစ်လားမသိဘူး"
"ဟင်...ဒီကောင်က.......... coming soon

Friend ZoneWhere stories live. Discover now