Friend Zone (Part-2)

3 0 0
                                    

"ကလင်..ကလင်..ကလင်" ဖွံဖြိုးရေးချိန်ပြီးလို့ ထမင်းစားဆောင်သွားရန် ကျောင်းသားများ သူသူငါငါ အပြေးအလွှား ပြင်ဆင်နေကြပါသည်။တစ်ချို့မှာ အဆောင်မ‌ပြန်ဘဲ အသင့်ယူလာသော ဇွန်း ခက်ရင်းတို့ကို ထုတ်က သွားရောက် စားကြသည်။တစ်ချို့မှာလည်းစားသောက်ပြီးလျှင် ရေချိုးရန် ဆပ်ပြာ၊ရေပုံး၊တဘက်တို့ကို သယ်ဆောင်လာကြသည်မှာ ပညာရေးကောလိပ်၏ မနက်ခင်းသဘာဝဖြစ်ပါသည်။"ဟေ့ကောင်...မြန်မြန်ပြေး၊တစ်ယောက်ကို နှစ်ခုစီနော်" "မင်းမရရင် ငါတို့ ပဲဟင်းနဲ့ ညားမှာနော်" "မြန်မြန်ပြေးဟ" ဝင်းဦးနှင့် ပြည်ဖြိုးတို့က ‌ဇွဲမှန်ကို အော်ပြောကား သတိပေးနေခြင်း ဖြစိသည်။ ‌ကျောင်းဈေးတန်းတွင် မနက်ခင်း၌သာ ရလေ့ရှိသော အကြော်များကို တစ်ယောက် နှစ်ခုနှုန်း ဝယ်ခိုင်းခြင်းဖြစ်သည်။အကြော်ဆိုင်လေးမှာ တစ်ကျောငိးလုံးမှ တစ်ဆိုင်ဘဲရှိရာ ကောလိပ်ကျောင်းသား/သူများ အဝယ်များ၍အမြန်ပြတ်သောဆိုင်ဖြစ်သည်။ထို့ကြောင့် ဝင်းဦးနှင့်ပြည်ဖြိုးတို့က အလျင်လိုနေခြင်းဖြစ်သည်။ ဇာတ်လိုက်ကြီးဇွဲမှန်လည်း"ဆင်ကန်း တောတိုး"ပမာ ရှိသမျှ အားနဲ့ တို‌းဝှေ့ပြီး အကြော်ရရှိရေး တို့အရေး ကြိုးပမ်းလေသည်။ "အန်တီ တို့ဟူးကြော် ၆၀၀ဖိုး" အချဉ်ရော ပေးအုံး"ဟု အော်ပြောရင် ပိုက်ဆံကို လှမ်းပေးသည်။အန်တီကြီးကလည်း ကောက်စိုက်သမများ မြက်နှုတ်သလို ပိုက်ဆံများကို ယူပြီးပျိုးကြဲသခို အကြော်ထုပ်များကိုပေးရာအမိရအရဖမ်းယူကြရသည်။ ဇွဲမှန်အလှည်အရောက်မှာ ဇွဲမှန်၏အကြော်ထုပ်လေးကို အန်တီကြီးက လှမ်းအပေး ၊ဇွဲမှန်က အယူ တွင် ကြားမှ ဖြတ်လှခြင်းခံလိုက်ရသည်။ဖြတ်လူသူမှာ သူဖြစ်နေလေသည်။သူဆိုတာ ဇွဲမှန် စည်းကျော်လို့မရတဲ့ ကောင်မလေးပေါ့။"ဟေ့..ဇွဲမှန်..ဒါလေး ငါယူလိုက်တော့မယ်၊ငါကိုဝယ်ကျွေးတယ် သဘောထားလိုက်တော့...၊ယူသွားပြီ"ဟုဆိုကာ ကလေးမ လစ်ပြေးတော့သည်။ဇွဲမှန်လည်း ခဏမျှ ကြောင်သွားပြီး "ဟိုက်...ငါအကြော် ပါသွားပြီ...""ငါကို ဟိုနှစ်ကောင်တော့ သတ်တော့မှာဘဲ"ဟုတွေးရင် နောက်လှည်ကြည်ရာ လေပေါနေ၍ဘာမှမသိကြပေ။ဇွဲမှန်လည်း ဆိုင်ထဲပြန်လည်း‌တိုးဝှေ့ကာ အကြော်ပြန်ဝယ်ရတော့သည်။စိတ်ထဲတွင်လည်း" ဓားပြမလေး အကြော်တော့ ယူသွားတယ် လူတော့မယူသွားဘူး"ဟု တွေးမိသေးသည်။ဇွဲမှန်တို့ အဖွဲ့လည်းအကြော်ဝယ်ပြီး စားဆောင် အဝင် ဓားပြမလေးလည်း စားပြီးလို့ အထွက် တွေ့ကြရာ.....
ဇွဲမှန်က အကြော်ထုပ်လေးပြပြီး မျက်စောင်းထိုးသည်။သူက ဗိုက်လေးကိုင်ပြီး ပြုံးပြလေသည်။ဤသိုသော မဟောသဓာနှင့်အမရာဒေဝီ New Version ကို ဝင်းဦးနှင့်ပြည်ဖြိုးတို့နားမလည်ကြလေသတည်း။ အမရာဒေဝီလေးရဲ့ အမည်က မြတ်နိုးတဲ့ မြတ်မြတ်နိုးနိုး ချစ်ပါရစေနော်....။

Friend ZoneWhere stories live. Discover now