အချိန်:တနင်္လာနေ့(စုဝေးသဘင် အခမ်းအနား)
"ဇွဲမှန် အမြန်လုပ်ဟ၊ အခမ်းအနားက စတော့မှာ၊
၀င်ဦးရော ငါမှာတာပါလား ၊ မြန်မြန်သွားရအောင်
တော်ကြာနေရာမရ ဖြစ်နေလိမ့်မယ်"စကားများ အဆက်မပြတ်ပြောနေသည်မှာ
တခြားသူမဟုတ် ဇွဲမှန်နှင့် အိပ်ခန်းတူတူ နေသော ပြည်ဖြိုး ဖြစ်ပေသည်။သူက အဖွဲထဲတွင်း အရပ်အပုဆုံးဖြစ်သလောက် စကားလည်းအများဆုံးဖြစ်သည်။ထို့ကြောင့် သူကို နာမည်ပြောင် (သာလိကာ)ဟု ဇွဲမှန်တို့ပေးထားကြသည်။
"ဟေရောင်.....ဟိုနေရာ ...မြန်မြန်...သွားသွား"
"အေးပါကွာ"ဒီနေ့က ကျောင်းစုဝေးသဘင်ပြီးရင် ဟောပြောပွဲ တစ်ခုရှိသောကြောင့်
ဇွဲမှန်တို့ အုပ်စုအတွက် ပျော်စရာ အချိန် တစ်ခုဖြစ်သည်။
ဟောပြောပွဲကို စိတ်၀င်းစာမှုမရှိသော်လည်း အားလတ်ချိန်ကို အကျိုးရှိရှိ အသုံးချချင်သောကြောင့်ဖြစ်သည်။"ဟေရောင် ..ငါဒီနေ့ အပြီးနော်"
အေးပါ ငါလည်း အပြီး.သေချာလုပ်လာတယ်။မင်းတို့ကောင်တွေ အားလုံး ဒီနေ့ အပြီးဖြစ်စေရမယ်။"အေး...သားကြီး အားကိုးမယ်နော်"
ဟောပြောပွဲ စပြီဆိုသည်နှင့် ဇွဲမှန်တို့ အုပ်စု၏ ခေါင်းများသည်
အောက်သို့ ငိုက်စဉ်းသွားကြသည်။
ထိုနောက် သူတို့လက်ထဲတွင်...၀င်းဦးသည် ပုံဆွဲစာအုပ်ဖြင့်လည်းကောင်း
အိမ်တွင်းမှုမင်းသား ပြည့်ဖြိုးသည်
ချည်ထိုးအပ်ဖြင့်လည်းကောင်း
ဇာတ်လိုက်ကြီး မောင်ဇွဲမှန်သည်လည်းAssimentစာရွက်များဖြင့်
လည်းကောင်း...
ပစ္စည်းများကို ကိုယ်စီကိုင်ထားပြီး သူတို့၏အကြည်များမှာ မောင်ဇွဲမှန်၏ ဖုန်းထဲရှိ ကိုရီးယားဇာတ်လမ်းတွဲလေးရှိသို့...
ယောက်ျားလေးများတန်မဲ့
ကိုရီးကားကြိုက်ကြသောကြောင့်
ဟောပြောပွဲတွင် ခိုးကြည်ကြသော်လည်းဖုန်းသိမ်းခံရမည်ဆိုသဖြင့်
ဆရာမမိလျှင် ကွက်တိဖြစ်စေရန်အရန်ပစ္စည်းများကိုင်ထားခြင်းဖြစ်သည်။
"သားကြီး...အပြီးနော်..""အပြီးပါကွာ။ဒီ နန်းတွင်းကားက မြတ်နိုးတို့ကြိုက်တဲ့ EXoအဖွဲ့က
D.Oပါတယ်လေ။ငါသူဆီကနေ အကုန်မေးပြီး ကူးထားတာ ဒါအပြီးဘဲ
သားကြီး"
"အေးပါ အေးပါ"၀င်းဦးက သူဘေးတွင် ထိုင်နေသော ကျောင်းသားတစ်ယောက်ကို
"သူငယ်ချင်း ဆရာမ ငါတို့နား လာရင်း ငါတို့ကိုယ် အချက်ပေး ပါနော်"
ထိုကျောင်းသားကလည်း ယုံကြည်ချက်ပြည်ပြည့်ဖြင့်
"စိတ်ချ စိတ်ချ ငါ့ လက်တို့လိုက်မယ်"ဇွဲမှန်တို့ အဖွဲလည်း ထိုကျောင်းသားကို ယုံကြည်ပြီ ကြည်နေသည်မှာ
တဖြည်းဖြည်း ဇာတ်သိမ်းပိုင်းနားနီးလာသည်။
ထိုအချိန်တွင်...
ဇွဲမှန်၏ ပခုံးပေါ်သို့ လက်တစ်ဖက်ရောက်လာသည်။
"ဟာ....ဖယ်စမ်းပါ ဒီမှာကြည်နေတယ်လေ"
သို့သော် လက်ကမဖယ်
ဇွဲမှန်က ၀င်းဦးဘက်သို့လှည့်ပြီး
"ဟေရောင် လက်မတင်နဲ့လို့ ငါကြည်နေတယ်"
၀င်းဦးက အူကြောင်ကြောင်ဖြင့်
"အမ်...သားကြီး...ငါလက်က ဒီမှာလေ"
"အေးဟုတ်သား...အဆို...ဒီလက်က"လက်၏ လာရာသို့ သုံးယောက်သား ကြည်လိုက်ရာ
ရက္ခဘီလူး မျက်လုံးများဖြင့် ကြည်နေသည်မှာ ဇွဲမှန်တို့၏ အဆောင်မှုး
စိုက်ပျိုးရေး ဆရာ ဦး ညီထွန်း....."ခွေးကောင်တွေ ဟောပြောပွဲမကြည်ဘဲ ဖုန်းကြည်နေတယ်။ပေးစမ်း ဖုန်း ...."
"ဆရာကြီး ဒီတစ်ခါဘဲ နောက်မလုပ်တော့ဘူးနော်"
ဇွဲမှန်က မျက်နှာငယ်ဖြင့်ပြောသော်လည်းမရဘူး။ပေးစမ်း။
ဆရာဦးညီထွန်းနှင့်အတူ ဇွဲမှန်တို့၏ နန်းတွင်းကား
ဇာတ်သိမ်းပိုင်း လေးသည် ဇွဲမှန်တို့ကို bye bye
ပြသွားလေတော့သည်။
၀င်းဦးက အချက်မပြရကောင်းလားဆိုပြီး ခနက
ကျောင်းသားလေးကို ကြည်လိုက်ရာ
"ဟိုက်"ထိုကျောင်းသားမှာ ခုံပေါ်မှ ပြုတ်ကျမည့်ပမာ အရုပ်ကြိုးပြတ် အိပ်ငိုက်နေလေတော့သည်။