အချိန်:ကျောင်းဖွင့်ရက်(ထမင်းစားနားချိန်)
"ဟင် ဒီကောင်က...."
(လွန်ခဲ့သော ၁၀မိနစ်)
အာ....ဗိုက်ဆာလိုက်တာ...
မိမြတ်နိုးတစ်ယောက် ပျင်းပျင်းနဲ့ဗိုက်ဆာနေသည်။ထိုစဉ် ကောင်လေးတစ်ယောက်သည် မုန့်များနှင့် သူရှေ့သိုရောက်လာရာ
"ဟင် အောင်ကို၀င်း ဒါတွေက..."
"ဒါလား အကြွေးသိမ်းလာတာ ဟ"
"ငါအဆောင်က တစ်ယောက်က ပိုက်ဆံချေးပြီးတော့ ပြန်မဆပ်ဘူးလေ..အဲဒါ...သူနာမည်နဲ့ ငါဈေးဆိုင်က အကြွေးအကုန်ယူခဲ့တာ ...ဟီး"အောင်ကို၀င်းဆိုသည်မှာလည်း ချစ်တီး၀င်စားသလား ထင်ရအောင်
ကပ်စီးနည်းသူဖြစ်သည်။အကြွေးယူမိလျှင် လူကြားမရှောင် လာတောင်းတက်သည်။
"ဟူး...ဇွဲမှန်က အလိုလူမဟုတ်လို့ ပေါ့ အလိုသာဆို ငါအကြွေးတွေနဲ့တော့ ငါတော့ သေပါပြီး" မြတ်နိုးတစ်ယောက် အတွေးများနှင့် ရယ်နေသည်ကို အောင်ကို၀င်းက"ဟဲ့ ဘာလဲ နင်စားချင်လို့လား ။စားချင်စားလေ မဟုတ်လည်း ဟိုကောင်တွေနဲ့တွေ့ရင်း သူတို့ပိုက်ဆံဆိုပြီး လုစားကြမှာ ငါလည်း တစ်ယောက်တည်းမကုန်ဘူး။ ကဲပါ တစ်ခုလောက်စားလိုက်"ဟု
ဆိုကား မြတ်နိုးနှင့်တူတူ ထိုင်နေကြရင်း ဇွဲမှန်ပြန်လာသည်ကိုပင် သတိမထားမိကြချေ။"ဟင်....ဒီကောင်...အောင်ကို၀င်း"
"ချစ်တီးကများ...ငါ့crushကို ...."
အယ်...ဟိုတစ်ယောက်ကလည်း ...ကျွေးတိုင်းစားတယ်.."
"အစားနဲ့မျှားတိုင်း လာတဲ့ ငါ့အိမ်က ကြောင်တိုငး်ဘဲ"ဇွဲမှန်တစ်ယောက် စိတ်တိုတိုနဲ့ မြတ်နိုးနဲ့အောင်ကို၀င်းတို့နား သွားရပ်စဉ် အောင်ကိုဝင်းက အူတူတူနဲ့
"ဟာ..သားကြီး..စားအုံး...ငါအဆင်ပြေတုန်းလေ"
"မင်းမေကြီးဒေါ် အဆင်ပြေတုန်းလေ ...ရော့....မြတ်နိုး မုန့်..ငါသွားပြီ"
ဇွဲမှန် တစ်ယောက် ခြေထောင်ခပ်ဆောင့်ဆောင့်နင်းကထွက်လာခဲ့သည်။
ပါးစပ်ကလည်း ကြိမ်းဆဲရင်းပေါ့..
"ခွေးကောင် ညနေ့မှ သူအိပ်ခန်းသွားပြီး ဆပ်ပြာမှုန် သွားဂုန်းပစ်မယ်"
(စာရေးသူတို့မပါ)
ဇွဲမှန်ထွက်သွားတော့ အောင်ကို၀င်းက မြတ်နိုးကို
"ဟဲ့ နင်တို့နှစ်ယောက်က ဘာတွေလဲ ဟိုတစ်ယောက်က ဘာဖြစ်တာလဲ
မသိရင်း ငါကို မနာလိုဖြစ်သွားသလိုဘဲ""ဟာ ငါလည်း ဘယ်သိမလဲ"ဟု မြတ်နိုး ခပ်တည်တည်ပြန်ဖြေမိရင်း
"ဟူး.....ငါသိတာပေါ့...သူဘာဖြစ်နေတာလဲဆိုတာ...ငါအသိဆုံးပါ"
"ဇွဲမှန်ရယ်...ငါလည်း နင့်စိတ်ကိုသိသလို နင်လည်း ငါ့စိတ်ကိုသိရင်း...
"ဟူး....အချိန်တွေမလွန်ချင်ဘူးဟာ"မြတ်နိုးတစ်ယောက် အတွေးပေါင်းများစွာဖြင့်........