<< UNicode >>
Jaem^^
ပန်းရောင်လိုက်ကာစလေး တစ်လွင့်လွင့်ဖြစ်နေတဲ့ ပြတင်းပေါက်ကိုမျက်နှာမူလို့ ရပ်နေတဲ့ဂျယ်မင်းက တစ်နေရာကိုစူးစိုက်ကြည့်နေခဲ့သည်။လေလွင့်နေတဲ့လိုက်ကာစဟာ စိတ်ရှုပ်စရာကောင်းတယ်လို့ခံစားလာရတာမို့ ထိုလိုက်ကာစနားသွားလို့အကြမ်းပတမ်းဖယ်ရှားပစ်မိသည်။မြင်ကွင်းရှင်းသွားတဲ့အခါမှာတေ့ာ တစ်ဖက်အိမ်က မှန်ပြတင်းပေါက်လေးဟာ ပိတ်လျှက်ရှိနေသည်။ပြီးတော့ ဂျယ်မင်းအခန်းရဲ့ တည်ရှိပုံအတိုင်း အကုန်လိုက်ပြင်ဆင်ထားတာကြောင့်ဆင်တူဖြစ်နေတဲ့ ပန်းရောင်လိုက်ကာစလေးဟာလဲ ငြိမ်သက်လျှက်ရှိနေသည်။
တစ်ခုခုကို အလိုမကျဖြစ်နေတဲ့ခံစားချက်ဖြစ်နေပေမယ့်လို့ ထိုခံစားချက်ဖြစ်တည်လာရတဲ့ အကြောင်းရင်းကိုတော့ ဂျယ်မင်း သေချာမသိပေ။ထိုအချိန် ဂျယ်မင်းတို့ခြံ၀န်းထဲကို ၀င်လာတဲ့ ဂျစ်တူးကောင်ရဲ့မေမေကြောင့် မျက်မှောင်ကြုံ့လိုက်မိသည်။တစ်ခဏအကြာမှာတော့ ခြံ၀န်းထဲကပြန်ထွက်ခွာသွားတဲ့ ထိုအမျိုးသမီးကိုကြည့်ရင်း စိတ်ရှုပ်လာရပြန်တာမို့ ပြတင်းပေါက်ကိုပိတ်ချလိုက်ပြီး လိုက်ကာစကိုပါပြန်ချထားလိုက်သည်။
ဒေါက်!
ဂျယ်မင်း၏အမေဖြစ်သူဟာ အခန်းတံခါးကိုခေါက်လာခဲ့သည်။
" သားရေ ! "
ဂျယ်မင်းက တံခါးကိုဖွင့်ပေးတော့ မေမေဟာ ပြာပြာသလဲ၀င်လာခဲ့သည်။ဟိုသားအမိကြောင့် ပြာယာခက်နေရတဲ့မေမေ့ကိုမြင်တိုင်း ဂျယ်မင်းရင်ဘက်တစ်၀ိုက် နာကျင်ရသည်။ထိုနာကျင်မှုကိုပြေပျောက်စေရန် အလျှို့ငှာ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်မိသည်။
" ချန်းလော့လေး ဖျားနေတယ် "
"အဲ့တာ ကျွန်တော်တို့နဲ့ဘာဆိုင်လဲ? "
ထိုသို့ပြောတော့ မေမေကသက်ပြင်းချသည်။ ပြီးတော့ အဖန်တလဲလဲပြောပြထားတာကြောင့် နားရေ၀နေပြီဖြစ်တဲ့ စကားတွေကိုထပ်မံပြောဆိုလာသည်။
" မေမေတို့ရဲ့ ကျေးဇူးရှင်တွေမို့ "
" တော်ပါတော့ မေမေရယ် ၊အဲ့တုန်းက ဖေဖေ့ companyက ပျက်စီးသွားခဲ့တာမဟုတ်ဘူး၊ဟိုးအောက်ဆုံးရောက်သွားခဲ့တာလဲမဟုတ်ဘူး၊ အမှားတစ်ခုကြောင့်ယိုင်နဲ့သွားရုံပဲလေ အဲ့တာကိုရှယ်ယာကူညီရုံလောက်နဲ့ "