6

130 26 16
                                    

<< UNicode >>

Jaem^^

ချန်းလော့နဲ့ ချွဲယူရာ ဟာ မျက်နှာချင်းဆိုင် အနေအထားဖြစ်သည်။နှစ်ယောက်လုံးရဲ့ရှေ့တွင် ပုံမပျက်ပဲရှိနေတဲ့ ကော်ဖီတွေက လိုတာထက် အေးစက်နေတာတော့အမှန်ပင်။ချွဲယူရာက လက်ထဲက ဓာတ်ပုံတွေကို စားပွဲပေါ်ပစ်တင်လိုက်ရင်း

" မင်းက တို့ကိုဘယ်လိုဖြစ်စေချင်တာလဲ? "

" Jaem အနားက ထွက်သွားစေချင်တာ "

ထိုအခါ ယူရာက ခပ်ထေ့ထေ့သဘောဖြင့် ရယ်သည်။

" တို့ကို စောင့်ကြည့်ဖို့လူလွှတ်ထားတဲ့အတွက် မင်းကို တရားစွဲလိုက်လို့ရတယ်နော်"

ထိုအခါ ချန်းလော့ရဲ့နှုတ်ခမ်းစွန်းတွေကကော့တက်သွားသည်။

"ကျွန်တော့်ကိုနိုင်မယ်ထင်ရင် ခြိမ်းခြောက်တာမျိုးမဟုတ်ပဲ တကယ်တရားစွဲကြည့်လိုက်လေ "

ထိုအခါ ယူရာက  ဒေါသကြောင့် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။တစ်ဖက်လူက ဒိတ်ဒိတ်ကြဲမိသားစုကနေဆင်းသက်လာတာကြောင့် သွားထိရင် နစ်နာမည့်သူက ယူရာကိုယ်တိုင်ပင်ဖြစ်သွားလိမ့်မည်။

" ယူရာရှီရဲ့ မသန့်ရှင်းတဲ့ ခန္ဓာကိုယ်က Jaemနဲ့မတန်ဘူး "

ချန်းလော့က ပြန့်ကျဲနေတဲ့ ယူရာနဲ့အမျိုးသားတစ်ယောက် မိုတယ်ထဲကထွက်လာတဲ့ပုံတွေ ကားထဲမှာနမ်းနေတဲ့ပုံတွေကို သေသေချာချာလေးပြန်စီရင်းပြောသည်။

" Jaemနဲ့တွဲနေပြီး Jaemအပေါ် အခုလိုလုပ်တာ လိပ်ပြာလုံရဲ့လား? "

" တို့ ဂျယ်မင်းကို တကယ်ချစ်ခဲ့တာ "

ထိုအခါ ချန်းလော့ ထိုစကားကိုလှောင်ပြုံးပြုံးသည်။

" တကယ်ချစ်ခဲ့လို့ပဲ တစ်ခြားအမျိုးသားနဲ့  "

ချန်းလော့ကဆက်မပြောပဲ သက်ပြင်းချသည်။

" အဲ့လူက ဂျယ်မင်းနဲ့မတွေ့ခင်က တွဲခဲ့တာ အခုဂျယ်မင်းကြောင့် သူ့ကိုအဆက်ဖြတ်ဖို့ကြိုးစားခဲ့ပေမယ့် မိသားစုအတွက်ထောက်ပံ့ကြေးပေးထားတဲ့ သူရဲ့အချုပ်အနှောင်တွေထဲက ရုန်းထွက်လို့မရတော့ဘူး "

Jaem (Completed)Where stories live. Discover now