<< UNicode >>
Jaem^^
ချန်းလော့တစ်ယောက် ပစ္စည်းတွေနေရာချရင်း အတွေးတို့ကရောက်တက်ရာရာ ဖြစ်နေရသည်။Jaemကိုမြင်နေရရင် စိတ်ပိုင်းမဖြတ်နိုင်မှာစိုးရိမ်တာကြောင့် ထွက်ပြေးလာခဲ့ပေမယ့် ချန်းလော့စိတ်ထဲအဆင်မပြေလှပါ။
အ၀တ်အိတ်ထဲက ဂြိုလ်သားအရုပ်လေးကို ယူလိုက်မိသည်။
" Jaem Jaem မင်းပဲ စဥ်းစားကြည့် Jaemက ငါ့အပေါ်အရမ်းဆိုးလွန်းနေတာမဟုတ်ဘူးလား? ငါကသူ့ကိုချစ်လို့တွယ်ကပ်တာကို တလွဲတွေးပြီး ငါ့ကိုအနိုင်ယူတယ်လေ ဘာလို့ငါ့စိတ်ကိုသေချာမတွေးပေးရတာလဲ? "
ထို့နောက် Jaem Jaemကိုရင်ခွင်ထဲပိုက်ထားမိသည်။
" Jaemကို အရမ်းလွမ်းတာပဲ "
ညနေဘက်မှာ အကိုက ရောက်လာပေးသည်။ဖျော့တော့နေတဲ့ ချန်းလော့ကိုမြင်တော့ အကိုက သက်ပြင်းချလေရဲ့။
" ချန်းလော့ ကိုယ်နဲ့စကားပြောမလား? "
" ဟုတ် "
" အခု ဂျယ်မင်းနဲ့ပတ်သတ်ပြီး ဘယ်လိုတွေးထားလဲ? တကယ်စိတ်ပိုင်းဖြတ်လိုက်တော့မှာလား? "
ထိုအခါ ချန်းလော့က ခပ်တွေတွေလေးဖြစ်သွားသည်။ထို့နောက်အမှန်တရားတစ်ခုကို လက်ခံလိုက်ပြီဖြစ်တဲ့အဓိပ္ပါယ်နှင့် အပြုံးခပ်ဖျော့ဖျော့လေးက ပေါ်ထွက်လာသည်။
" Jaemက ကျွန်တော့်ကို ဘယ်တော့မှ သဘောကျလာမှာမဟုတ်ဘူးလေ.."
"....."
" ကျောင်းပိတ်ရင် ဖွားဖွားရှိတဲ့ ရှန်ဟိုင်း မှာ ခဏသွားနေမယ် စဥ်းစားထားတယ် Jaemနဲ့တစ်နိုင်ငံထဲရှိနေရင် ကျွန်တော့်စိတ်ကျွန်တော် ထိန်းချုပ်နိုင်မှာမဟုတ်ဘူး ဒါကြောင့် အကွာအဝေးတစ်ခု ဆုံးဖြတ်လိုက်ရတာ "
" ကိုယ်ကတော့မင်းကိုလွမ်းနေရတော့မှာပဲ "
အကိုက ခပ်နောက်နောက်ပြောသည့်အခါ ချန်းလော့က ရယ်မိသည်။
" အလည်ပတ်အနေနဲ့လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဗျ "
" ok သဘောတူတယ် "
အကို့ရဲ့အပြုံးတွေနဲ့ ထပ်တူချန်းလော့လဲ လိုက်ပြုံးမိသည်။