Extra_2

144 22 0
                                    

<< UNicode >>

Jaem^^

/ ဟုတ်ကဲ့ပါ ကျွန်တော်က အများကြီး မသောက်ပါဘူး /

ချန်းလော့က ဖုန်းကို ညာဘက်(နားနှင့်ပခုံး)ဖြင့်ညှပ်ထားလိုက်ပြီး ဘယ်ဘက်နားသို့ အနက်ရောင်ကျောက်သေးသေးလေးတစ်ခုထဲဖြင့်အလှဆင်ထားတဲ့ နားကပ်လေးကို၀တ်နေမိသည်။

/အိမ်ကိုလဲ စောစော ပြန်ခဲ့မှာမို့စိတ်မပူနဲ့လေ /

ညာဘက်နားသို့ နားကပ်ကိုနေရာယူစေရန် ဖုန်းကို စပီကာဖွင့်လို့ ရှေ့က ခုံပေါ်တင်ထားလိုက်သည်။Jaemရဲ့ အသံကြည်ကြည်လေးက ပေါ်ထွက်လာလေရဲ့။

/ တကယ် စိတ်ပူမနေချင်ဘူးနော် နာချန်းလော့ /

/ စိတ်မပူချင်ရင် လိုက်ခဲ့ပေါ့ ၊ကျုံးဂျယ်မင်းကို ခေါ်သားပဲဟာ /

ချန်းလော့က အနက်ရောင် crop topလေးထက် အနက်ရောင် jaensကိုထပ်၀တ်လိုက်သည်။

/ မင်းတို့တွေ့ဆုံပွဲက ငါအားတဲ့အချိန်မှ မလုပ်တာ /

/ Jaemအလုပ်ကအပြန်တန်းလိုက်လာလို့ရတာပဲကို /

/ မလာချင်ပါဘူး ရှုပ်ရှုပ်ယှက်ယှက်/

/ Jaemသဘော ၊ အဲ့တာဆို ဖုန်းချလိုက်တော့မယ်နော် ၊ ကျွန်တော်သွားတော့မှာ /

ဖုန်းပြောခြင်းပြီးဆုံးသွားတော့မှ ချန်းလော့က မှန်သားပြင်ထက်က ကိုယ့်ကိုကိုယ်ကြည့်မိတော့သည်။အပြင်အဆင်တွေအားလုံးဟာ အနက်ရောင်ဖြစ်နေတာကြောင့် အသားဖြူလွန်းတဲ့ ချန်းလော့နဲ့ ပနံတင့်လှသည်။

" အွန်း ပြီးပြည့်စုံသားပဲ "

" ပါးပါး! "

အခန်းတံခါးကိုဖွင့်လို့ ၀င်လာတဲ့ New Jaemက ချန်းလော့ကိုမြင်တဲ့အခါ မျက်မှောင်ကျုံ့လေရဲ့။ သွားဖို့စိတ်လောနေတဲ့ ချန်းလော့က New Jaemရဲ့ အကြည့်တွေကိုလဲ သတိမထားမိခဲ့ပါ။

" ကလေးလေး စိတ်ချမယ်နော် နောက်တစ်နာရီကျ မင်းdaddyပြန်လာလိမ့်မယ် မလာခင်အထိတော့ အိမ်တံခါးတွေသေချာပိတ်ထားရမယ် ကြားလား? "

" ......"

" ပါးပါး အပြန်ကျ မုန့်၀ယ်ခဲ့မယ်နော် "

You've reached the end of published parts.

⏰ Last updated: Jun 11 ⏰

Add this story to your Library to get notified about new parts!

Jaem (Completed)Where stories live. Discover now