<< UNicode >>
Jaem^^
ချန်းလော့က ဆိုင်ကယ်စက်နှိုးလို့ သူ့အား စောင့်နေတဲ့Jaemကြောင့် ဆိုင်ကယ်ဦးထုပ်ကိုအမြန်တပ်နေပေမယ့် အလောတကြီးလုပ်ရလို့လားမသိ ပို၍ကြာနေတော့သည်။စောင့်နေရတာ စိတ်မရှည်တော့တဲ့ Jaemက သက်ပြင်းတစ်ချက်ချလိုက်ရင်း
" ဒီကိုလာခဲ့ "
Jaemနားသွားတော့ မထင်မှတ်စွာပင် Jaemက ကျွန်တော့်အားဦးထုပ်ဆောင်းပေးလေရဲ့။ပြီးတော့ Jaemကပြောသည်။
" ညက အိမ်ကိုပြန်လိုက်ပို့တာဘယ်သူလဲ? "
Jaemရဲ့မေးခွန်းအဆုံးမှာ မနေ့က အကိုပြောတဲ့စကားတွေကို ပြန်အမှတ်ရမိသည်။ Jaemက အကို့အကြောင်းမေးလာခဲ့ရင် အမှန်တိုင်းဖြေရမယ်တဲ့လေ။
" အဲ့တာ Jaemနဲ့အတန်းတူတူပဲ သူ့နာမည်က အီဟယ်ချန်း၊ ပြီးတော့ အကိုက ကျွန်တော့်ကိုသဘောကျနေတာတဲ့"
" အော် .."
Jaemရဲ့ တုံ့ပြန်မှုက အော် တစ်လုံးထဲပါပဲ။သေချာပါတယ် ကျွန်တော်ကို ဘယ်သူက သဘောကျသည်ဖြစ်စေ သဘောမကျသည်ဖြစ်စေ Jaemကစိတ်၀င်စားမှာမှမဟုတ်ပဲ။
ချန်းလော့ဆိုင်ကယ်ပေါ်တက်တဲ့အချိန်မှာ ဂျယ်မင်းက ချန်းလော့ထံအမေးစကားဆိုမိသည်။
" မင်း သူ့ကိုသဘောကျလား? "
" ဟင့်အင်း ကျွန်တော်သဘောမကျပါဘူး "
ကျွန်တော်သဘောကျရတဲ့ အမျိုးသားလေးက Jaemပဲလေ။
မေးနေတာကို တွေဝေခြင်းမရှိ မြန်မြန်ဆန်ဆန်ဖြေလာတာကြောင့် ဂျယ်မင်းပြုံးလိုက်မိသည်။ဒီမေးခွန်းရဲ့အဖြေကို သူသိရဲ့သားနဲ့မေးလိုက်ခြင်းသာဖြစ်သည်။
ဆိုင်ကယ်မောင်းနှင်နေတာကြောင့် လေတွေတ၀ူး၀ူးဖြင့် စိတ်ခံစားချက်ကောင်းနေသလို ဂျယ်မင်းခံစားရသည်။
" သဘောမကျဘူးသာဆိုတယ်တစ်နေကုန် သူနဲ့အချိန်ကုန်ခဲ့တာမလား? "
ဂျယ်မင်းက ထပ်မံစကားနှိုက်သည့်အခါ ချန်းလော့က
" အဲ့တာဘယ်သူ့ကြောင့်လဲ? Jaemမို့ ကျွန်တော့်ကို ပစ်ထားခဲ့ရက်တာ..ကျွန်တော့်မှာ ဖုန်းရောပိုက်ဆံရောမပါတာသိရက်နဲ့ လုပ်ရက်တာ "
![](https://img.wattpad.com/cover/366999852-288-k296124.jpg)