<< UNicode >>
Jaem^^
ပိတ်ရက်ဖြစ်တာကြောင့် ချန်းလော့က Jaemတို့ အိမ်အလည်သွားသည်။အမှန်ကအန်တီမေမေက ပန်းအိုးတွေကို နေရာချနေတာမို့ ချန်းလော့ကလဲ ၀ိုင်းကူရန် ဟိုဘက်ခြံကူးခဲ့ခြင်းသာ။ကူညီမယ်သာပြောတာပါ အန်တီမေမေနဲ့အလုပ်သမားကြားမှာ ချန်းလော့က ယောင်လည်လည်သာဖြစ်နေရသည်။
" ကလေးလေး ဖယ်နေ ထိခိုက်မိမယ် "
အန်တီမေမေက ပြောတာကြောင့် ပန်းအိုးသယ်လို့ ချန်းလော့နားရောက်လာတဲ့ အလုပ်သမားဘေးမှ ရှောင်ပေးလိုက်ရသည်။အန်တီမေမေက ပန်းအရမ်းချစ်သူမို့ ပန်းမျိုးစုံအောင် စုစည်းတက်သူဖြစ်သည်။ဒါကို သိတဲ့ချန်းလော့ကလဲ အန်တီမေမေ ရဲ့မွေးနေ့ရောက်တာနဲ့ ရှားပါးပန်းပင်တွေကို ရအောင်၀ယ်ပြီး လက်ဆောင်ပေးတက်သည်လေ။ဟော ချန်းလော့ကိုယ်တိုင်လက်ဆောင်ပေးထားတဲ့ ပန်းအိုးလေးတွေ့ပါပြီ။
" အန်တီမေမေ အဲ့အိုး ချန်းသယ်မယ် "
ချန်းလော့က ချက်ချင်းပင်အနားသွားလို့ ပန်းအိုးကို မလိုက်သည်။
" အမလေး ! "
ပန်းအိုးက လက်ထဲပါလာပေမယ့် အရမ်းလေးလွန်းတာကြောင့် ချန်းလော့မယ် အာမေဋိတ်တွေပါထွက်ကုန်ရသည်။ချန်းလော့က ပန်းအိုးထိခိုက်မှာကြောက်တာရော အရမ်းလေးလွန်းတာကြောင့်ပါ ခပ်ဖြေးဖြေး လမ်းလျှောက်နေရသည်။ထိုအချိန် ချန်းလော့လက်ထဲက ပန်းအိုးသည် ဆွဲယူခြင်းခံလိုက်ရတာမို့ တစ်ဖက်လူကိုကြည့်မိတော့
" Jaem! "
Jaemက ချန်းလော့ကို ထုံးစံအတိုင်းမျက်မှောင်ကျုံ့ကြည့်လေရဲ့။ပြီးတော့ ပန်းအိုးကို သွားချထားပြီး ချန်းလော့ကိုကျော်လို့ အန်တီမေမေဆီခြေလှမ်းကြဲတွေဖြင့် လျှောက်လှန်းလေရဲ့။
" မေမေ ဘာလို့ချန်းလော့ကိုပန်းအိုးသယ်ခိုင်းရတာတုန်း တစ်ခုခုထိခိုက်ဒဏ်ရာရသွားရင်ဘယ်လိုလုပ်မလဲ? "
" သားကိုမေမေကူညီခိုင်းတော့ ကူညီပေးလို့လား? "
"မကူညီပေးဘူးဆိုတာက မေမေက အဲ့ပန်းအိုးတွေကို အခုကျဟိုဘက်ရွေ့ ပြီးတော့တစ်လတောင်မကြာဘူး ဒီဘက်ပြန်ရွေ့နဲ့ အဲ့လိုရွေ့နေတာ ဘယ်နှစ်ခေါက်ရှိပြီလဲ?အခု ချန်းလော့ပါအငြိမ်မနေရတော့ဘူး "