4

119 27 18
                                    

<< UNicode >>

Jaem^^

ချန်းလော့ကခြံထဲ၀င်ရင်းမှ ဟိုဘက်ခြံကိုလဲလှမ်းကြည့်မိသည်။ရပ်ထားတဲ့ဆိုင်ကယ်ကြောင့် Jaemပြန်ရောက်နေပြီဆိုတာ သိလိုက်ရတာမို့ စိတ်အေးသွားတဲ့ခံစားချက်ကြောင့် ဟိုဘက်ခြံကိုကြည့်နေရာမှ မိမိဦးတည်ရာသို့ကြည့်မိသည့်အခါမှာတော့

" အမလေး! "

အရှေ့မှာ ရပ်နေတဲ့Jaemက ချန်းလော့ရဲ့လန့်သွားမှုအပေါ် မျက်ခုံးတစ်ဖက်ပင့်လေရဲ့။

" ဘာတွေခိုးလုပ်ထားလို့ မင်းကဒီလောက်အလန့်တကြားဖြစ်နေရတာလဲ? "

" မထင်မှတ်ထားတာမို့ လန့်သွားတာလေ "

" ဘယ်တွေသွားနေလို့ ဒီအချိန်ကျမှ အိမ်ပြန်ရောက်တာလဲ? "

ညနေထဲကဟယ်ချန်းနဲ့ပြန်သွားပြီး ညမိုးချုပ်လုမှပြန်ရောက်လာတာကြောင့် ဂျယ်မင်းမေးလိုက်ခြင်းဖြစ်သည်။

" အကိုက ရေခဲမုန့်၀ယ်ကျွေးမယ်ဆိုလို့ "

" မင်း မစားဖူးဘူးလား? "

" အကို၀ယ်ကျွေးတာကတော့ ပထမဆုံးပဲလေ Jaemတောင် ကျွန်တော့်ကို၀ယ်ကျွေးဖူးလို့လား? "

ကျွန်တော့်စကားကြောင့် Jaemက ခဏ တိတ်ဆိတ်သွားသည်။ပြီးတော့ ကျွန်တော့်လက်ကောက်၀တ်ကို ဆုပ်ကိုင်လို့ ခြံအပြင်သို့ဦးတည်သည်။

" ဘယ်သွားမို့လဲ? "

" ပါးစပ်ပိတ်ပြီးလိုက်ခဲ့ "

" မလိုက်ဘူး "

မလိုက်ဘူးသာပြောလိုက်တာ ခြေလှမ်းတွေက Jaemနဲ့ထပ်ကြပ်မကွာ။ကျွန်တော့်ရဲ့အကြည့်တွေက Jaemဆုပ်ကိုင်ထားတဲ့ ကျွန်တော့်ရဲ့လက်ကောက်၀တ်တွင်သာ။

ရုတ်တရက်ကြီး
ရပ်လိုက်တဲ့ Jaemကြောင့် ချန်းလော့ဟာ Jaemရဲ့ကျောပြင်ကျယ်ကို ၀င်တိုက်မိတော့သည်။

" ဘာလို့ ရပ်လိုက်တာလဲ? "

"မင်းမလိုက်ဘူးဆိုလို့လေ "

" မဟုတ်ဘူး! "

ချန်းလော့ ပြာပြာသလဲ ငြင်းဆန်မိသည်။ချန်းလော့က Jaemနဲ့အတူအပြင်သွားချင်တာမို့    ။တော်ကြာ  Jaemက ခေါ်မသွားတော့ရင်ဒုက္ခလေ။

Jaem (Completed)Where stories live. Discover now