Extra_1

185 25 6
                                    

<< Unicode >>

Jaem^^

မနက်ခင်းနေရောင်ခြည်နွေးနွေးကအခန်းတွင်းဖြာကျနေသည်။နေရောင်​စူးစူးကြောင့်ချန်းလော့က မျက်မှောင်ကြုပ်မိသည့်အခါ ချန်းလော့ကို ဖက်ထားတဲ့Jaemက ထိကပ်နေတဲ့ခန္ဓာကိုယ်နှစ်ခုကို တစ်ပတ်လိမ့်စေသည်။ချန်းလော့နဲ့Jaemကနေရာပြောင်းသွားခဲ့ပြီး Jaemရဲ့ရင်ခွင်ထဲမှာ နစ်မြုပ်နေတဲ့ချန်းလော့က နေရောင်မှ ရှောင်ရှားနိုင်ခဲ့သည်။ဘာလို့ဆို Jaemရဲ့ကျောပြင်ကနေရောင်ကိုကာထားပေးခဲ့လို့ဖြစ်သည်။ချန်းလော့က ပြုံးလိုက်ပြီး Jaemရဲ့ပါးကိုအနမ်းပေးသည့်အခါ Jaemရဲ့နှုတ်ခမ်းစွန်းတွေကကော့တက်သွားခဲ့သည်။မျက်လုံးတော့ဖွင့်မလာသေးတာ​မို့ Jaemဆက်အိပ်ချင်သေးမှန်း ချန်းလော့သိတာကြောင့် ရင်ခွင်ထဲငြိမ်ငြိမ်လေးနေနေမိသည်။သို့ပေမယ့် ဖုန်းလာတာကြောင့် ခေါင်းရင်းမှာရှိနေတဲ့ဖုန်းကို လှမ်းစမ်းနေရသည်။

" ရပြီ "

/ ဟယ်လို /

/အွန်း ကလေးလေး ..အန်ကယ်ပါ /

ချန်းလော့ဖုန်းကိုင်မိခြင်းကိုနောင်တရသွားရသည်။တစ်ဖက်သူက Jaemဖေဖေဖြစ်နေခဲ့သည်လေ။

/ဟိုကောင့်ကိုဖုန်းပေးလိုက် /

/ဟို Jaem က ဟို /

ချန်းလော့​ဘယ်လိုဖြေရမှန်းမသိသေးခင်မှာပင် Jaemကလက်ထဲက ဖုန်းကိုဆွဲယူသွားပြီဖြစ်သည်။

/ ကျွန်တော်တို့အိပ်နေတာ ဖေဖေ ဆက်ချင်နောက်မှဆက် /

ဂျယ်မင်းက ပြောပြီးတာနဲ့ ဖုန်းချမယ်လုပ်တော့ တစ်ဖက်ကထအော်သည်။

/ မင်း ဘယ်အချိန်မှအိမ်ပြန်လာမယ်စိတ်ကူးထားလဲ? /

/ တစ်ပတ်နေမှ /

/တစ်ပတ်တောင် ဘာလို့အချိန်ဖြုန်းမှာလဲ ကလေးကိုခေါ်ပြီး အခုချက်ချင်းအိမ်ပြန်လာခဲ့ သူ့မိဘတွေလွမ်းနေပြီ /

/ ဒါဆို ကျွန်တော်တို့ကို မခွဲဘူးလို့ ကတိပေး /

/ပေးတယ် /

ထိုသို့ဖြင့် Jaemနဲ့ကျွန်တော် အိမ်ပြန်ဖြစ်ခဲ့သည်။မိဘတွေက ကျွန်တော်တို့ကို ကျောင်းပြီးမှသာ လက်ထပ်စေခဲ့သည်။မင်္ဂလာပွဲကျင်းပတော့ အကိုရောသူငယ်ချင်းတွေကပါ ဂုဏ်ပြုပေးသည်။ချန်းလော့အတွက် တန်ဖိုးထားရသော နေ့တစ်နေ့ပါပဲ။အခုဆို ကျွန်တော်တို့တွေဟာ အသက်ရွယ်တစ်ခုထိရောက်လာခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်းတွေကို ဦးစီးနေရပြီဖြစ်သည်။ Jaemကတော့ သူ့ဖေဖေရဲ့လုပ်ငန်းကိုဆက်လက်ဆောင်ရွက်ပြီး ကျွန်တော်ကတော့ ဖေဖေ့ရဲ့လုပ်ငန်းကိုဦးစီးသည်။အကိုကတော့ ကျွန်တော့်နှင့်လုပ်ငန်းတူတည်ထောင်ပြီး ရှယ်ယာတွေဖလှယ်ကြသည်။အခုဆို ကျွန်တော်တို့နှစ်ယောက်က စီးပွားရေး မိတ်ဆွေတွေဖြစ်နေကြပြီဖြစ်သည်။Jaemနဲ့အကိုကတော့ တွေ့တာနဲ့ ရန်ဖြစ်နေတက်ပေမယ့် ချန်းလော့အနေရခက်အောင်တော့မလုပ်ပဲ ဆင်ခြင်ပေးကြသည်။နောက်ကွယ်မှာ တဂျစ်ဂျစ်လုပ်ကြပေမယ့် ချန်းလော့ရှေ့ကျ ရင့်ကျက်တဲ့လူကြီးတွေလုပ်နေကြရော။ချန်းလော့ကပဲမသိချင်ယောင်ဆောင်ပေးရတာပေါ့။

Jaem (Completed)Where stories live. Discover now