2

137 24 10
                                    

<< UNicode >>

Jaem^^

ချန်းလော့က ပြတင်းပေါက်မှာမေးထောက်လို့ Jaemရဲ့ အခန်းကိုကြည့်နေမိသည်။Jaemက ပြတင်းပေါက်လဲပိတ်ထားသလို လိုက်ကာစပါချထားတာမို့ ချန်းလော့ကဆူပုတ်မိသည်။

" Jaemက ပိတ်ရက်မို့ မနိုးသေးတာလား? "

သို့ပေမယ့် အနက်ရောင်ဂျာကင်နဲ့အိမ်ထဲကနေထွက်လာတဲ့Jaemက လက်ညှိုးထိပ်မှာ ဆိုင်ကယ်သော့ကို ဝေ့ရမ်းနေသည်။

Jaemကဘယ်သွားမို့လဲ?မဟုတ်မှ ချွဲယူရာနဲ့?

ချန်းလော့အမြန်ပင်အောက်ထပ်ပြေးဆင်းလို့ Jaemတို့အိမ်ဘက်ကိုကူးသည်။မောင်းထွက်စပြုတော့မယ့် Jaemရဲ့ဆိုင်ကယ်ရှေ့ကိုခန္ဓာကိုယ်ဖြင့်ကာထားမိသည်။ကျွန်တော့်ကိုမြင်တဲ့Jaemက မျက်ခုံးတွေထိစပ်လုနီးပါးကျုံ့ထားပြီးစိတ်မရှည်တဲ့လေသံဖြင့်ပြောလာသည်။

" ထပ်ပြီးတော့ ဘာဖြစ်ပြန်ပြီလဲချန်းလော့ "

" ကျွန်တော်လဲ လိုက်မယ် "

" တစ်ရက်လောက် ငါ့ကိုမနှောက်ယှက်ပဲနေပေးလို့ရမလား? ငါ မင်းကိုမြင်ရတာ အရမ်းမွန်းကြပ်လွန်းလို့ သေသွားမလားပဲ "

ဂျယ်မင်းပြောတော့ မျက်နှာငယ်လေးနဲ့ခေါင်းကိုအောက်ငုံ့ချပစ်တဲ့ ချန်းလော့။
မြေပြင်ပေါ်​ပြုတ်ကျသွားတဲ့ အရည်ကြည်က နေရောင်​အောက်မှာ လဲ့ခနဲဖြစ်သွားတာ​ကို ဂျယ်မင်းသတိထားမိလိုက်သည်။

" ချန်းလော့ "

မော့မကြည့်လာတဲ့ ချန်းလော့ကြောင့် ဆိုင်ကယ်ကိုဒေါက်ထောက်လို့ဆင်းလိုက်ရပြီး အနားသို့သွားမိသည်။မျက်နှာကိုဆွဲမော့မိတော့ မျက်ရည်တွေပြည့်လျှံနေတဲ့ မျက်၀န်းတစ်စုံကိုတွေ့လိုက်ရသည်။

" မင်း ငိုနေတယ် "

ချန်းလော့က သူ့မျက်နှာကိုဆွဲမော့ထားတဲ့ ဂျယ်မင်းရဲ့ လက်တွေကိုဆွဲဖယ်ပစ်လိုက်ပြီး ပြုံးသည်။ထိုအပြုံးက တစ်ခုခုကို မာယာများတော့မယ့်အပြုံးမျိုး။

" သား ! မင်း ကလေးကိုငိုအောင်လုပ်နေတယ် "

အနောက်က ရောက်လာတဲ့မေမေ့ကြောင့် ဂျယ်မင်းသဘောပေါက်လိုက်သည်။မေမေ့ကိုမြင်လို့ မာယာများပြတာ။

Jaem (Completed)Where stories live. Discover now