8 (Final)

175 24 14
                                    

<< UNicode >>

Jaem^^

" မင်းကိုခိုးပြေးလာတာ "

Jaemရဲ့စကားအဆုံးမှာ ချန်းလော့ဦးနှောက်ထဲ ဗလာနတ္ထိဖြစ်သွားရသည်။အံ့သြမှုကြောင့် Jaemပခုံးကို ကိုင်ထားဆဲလက်တွေက ဖြေလျော့သွားခဲ့သည်။ချန်းလော့ဘာကိုမှမတွေးတောနိုင်တော့ပေ။ရုတ်ချည်းဆန်စွာ ပြောင်းလဲမှုတွေကြား ချန်းလော့မယ် တအံ့တသြဖြစ်နေရသည်။

Jaemကဆိုင်ကယ်ကိုခဏရပ်တန့်လိုက်ပြီး ဖြေလျော့နေဆဲဖြစ်တဲ့ ကျွန်တော့်ရဲ့လက်တွေကိုသူ့ခါး၌ရစ်တွယ်စေသည်။ဒါ့အပြင် Jaemကလက်တစ်ဖက်ထဲဖြင့်ဆိုင်ကယ်လက်ကိုင်ကို ကိုင်၍မောင်းနှင်နေပြီး ကျန်လက်တစ်ဖက်ကတော့ ချန်းလော့ရဲ့လက်ပေါ်မှာ ထပ်၍အုပ်ကိုင်ထားပေးသည်။

" Jaem "

"ရောက်တော့မှာမို့ ငြိမ်ငြိမ်လေး လိုက်ခဲ့ပေး"

ညနေစောင်းအချိန်မို့ မှောင်ရိပ်တို့ကကြီးစိုးလာခဲ့သည်။လေပြေခပ်အေးအေးလေးတွေတိုက်ခက်နေတာကြောင့် ချန်းလော့မျက်လုံးကိုမှိတ်ထားလိုက်ပြီးလေပြေနုနုကိုခံစားနေမိသည်။၅မိနစ်လောက်ထပ်မံမောင်းနှင်ပြီးတဲ့အချိန်မှာတော့ ခြံ၀န်းကျယ်တစ်ခုကိုတွေ့လိုက်ရသည်။ထိုခြံ၀န်းထဲကို၁၀မိနစ်လောက်မောင်းနှင်ရပြီးမှ နှစ်ထပ်တိုက်လေးကိုမြင်ရတော့သည်။Jaemက ဆိုင်ကယ်ကိုရပ်တန့်လိုက်တာမို့ ချန်းလော့ ဆိုင်ကယ်ပေါ်ကဆင်းမိသည်။အိမ်ကိုအကြည့်ရောက်နေရင်းမှ Jaemရဲ့စကားကိုပြန်ကြားယောင်လာခဲ့သည်။

" မင်းကို ခိုးပြေးလာတာ "

ချန်းလော့ရဲ့နှလုံးခုန်နှုန်းက သိသာထင်ရှားစွာ ခုန်လှုပ်သွားခဲ့သည်။ကြောက်သလိုလို ရင်တုန်သလိုလိုဖြင့် ချန်းလော့ရဲ့လက်တွေဟာအေးစက်လာခဲ့သည်။Jaemကိုကြည့်မိတော့ ဆိုင်ကယ်ဦးထုပ်ကို လက်ကိုင်မှာ ချိတ်ဆွဲနေသည်။အိမ်ကိုပြန်အကြည့်ပို့မိသည့်အခါမှာတော့ ချန်းလော့တံတွေးမြိုချလိုက်မိသည်။ချန်းလော့ ချစ်ရတဲ့Jaemက မယုံကြည်နိုင်လောက်အောင်ကို ချန်းလော့ကိုခိုးပြေးလာတဲ့အပြင် အခု ဒီအိမ်ထဲမှာJaemနဲ့အတူတစ်ညတာဖြတ်သန်းရမယ်ဆိုတဲ့အတွေးက ချန်းလော့ကို ရင်ဖိုကြက်သီးထစေသည်။ဟင့်အင်း ချန်းလော့ရင်ခုန်လွန်ပြီးသေသွားလိုက်မယ်။ချန်းလော့ရဲ့ခြေလှမ်းတွေဟာ ခြေဦးတည့်ရာလျှောက်လှမ်းလို့ ပြေးလွှားတော့သည်။​

Jaem (Completed)Where stories live. Discover now