ညအချိန်။
Sharlock Holmes တစ်ယောက် စောင်တစ်ထည်နှင့်အတူ အခန်းထဲဝင်လာ၏။
လူဝင်လာသံကြားတော့ Willamက တစ်ချက်လှည့်ကြည့်သော်လည်း ဖတ်လက်စ စာအုပ်ဆီသာ အာရုံပြန်ရောက်သွားခဲ့သည်။Sherlock လက်ထဲမှ စောင်အား William အား ခြုံပေးလိုက်ရင်း စကားစလိုက်၏။
"Liam ညနက်နေပြီ ကိုယ်တို့ အိပ်ကြစို့"
စာအုပ်ဆီမှ အကြည့်မခွာဘဲ တုံ့ပြန်လာသည့် WIlliam၏
အဖြေကမူ-"ဟင့်အင်း ကျွန်တော် မအိပ်ချင်သေးဘူး Sherly"
"ညနက်တဲ့အထိ စာဖတ်တာကျန်းမာရေးအတွက်မကောင်းဘူးလေ
အိပ်ကြစို့ Liam""ဟင့်အင်း Sherly အရင်အိပ်နှင့်ပါ ကျွန်တော် စာအုပ်ဆက်ဖတ်ဦးမယ်"
Sherlock ခပ်လေးလေး သက်ပြင်းချလိုက်မိ၏။
အရင်က Willamမှာ အတိတ်က စိတ်ဒဏ်ရာတွေရဲ့ဖိစီးမှုကြောင့်
အိပ်မပျော်နိုင်ဘဲ အိပ်မက်ဆ်ိုးတွေကြောင့် ခဏခဏ လန့်နိုးလာသည်။
အခုကျတော့လည်း တက်ကြွလွန်းနေပြီး ညနက်နေတာတောင် အိပ်ခိုင်းလို့မရ။
တကယ်ပါပဲလေ။
'Liamဟာ သူလုပ်ချင်တဲ့အရာဆို လုပ်ကိုလုပ်ရမှ'
ဒါပေမဲ့ ခေါင်းမာလွန်းတယ်ဆ်ိုတာထက် Sherlock မျက်လုံးထဲမှာတော့ ကလေးဆိုးလေးတစ်ယောက်လိုသာ။ဒါပေမဲ့ Sherlock က ဘယ်သူမို့လို့လဲ?
လန်ဒန်ရဲ့ အတော်ဆုံးစုံထောက်ဆိုတဲ့ ဂုဏ်ပုဒ်ကို ရထားသူပဲလေ။
လွယ်လွယ်နဲ့ တပ်ခေါက်မှာမဟုတ်။Sherlock Liamရဲ့ ရွှေရောင်ဆံနွယ်တွေထဲ လက်ထိုးထည့်ရင်း ခပ်ဖြည်းဖြည်း ပွတ်ပေးလိုက်သည်။
William - !!!
Sherlockက ဘာမှမပြောဘဲ ကြောင်လေးတစ်ကောင်ကို
ပွတ်ပေးနေသလိုမျိုး ဆက်တိုက် ပွတ်ပေးနေခဲ့၏။
ပထမကတော့ ခပ်နှေးနှေး စည်းချက်မှန်မှန်၊
နောက်တော့ အရှိန်ကိုမြင့်လိုက်သည်။ခဏအကြာ။
William စတင်၍ မျက်လုံးများ မှေးစင်းလာခဲ့၏။
ပြီးနောက် ရွှေအိုရောင်မျက်တောင်ရှည်တို့နှင့် မျက်ခွံတို့ လုံးလုံး မှိတ်ကျသွားကာ အိပ်စက်ခြင်းဆီသို့။ပြီးနောက်။
လန်ဒန်ရဲ့ စုံထောက်ကျော်သည် သူ့ရဲ့အရှင်သခင်ကို အိပ်ခန်းဆီ
မင်းသမီးတစ်ပါးကဲ့သို့ ပွေ့ချီခေါ်ဆောင်သွားတော့၏။
Sherlock ကလေးတစ်ယောက်လို နှစ်နှစ်ခြိုက်ခြိုက် အိပ်မော ကျနေပြီဖြစ်သည့် Liam ၏ အပြစ်ကင်းစင်သော မျက်နှာကို
ငေးကြည့်မိသည်။
ထို့နောက် နဖူးပြင်ထက်သို့ ခပ်ဖွဖွ အနမ်းခြွေရင်း။"ကောင်းသောညပါ ကိုယ့်ရဲ့အရှင်သခင်လေး..."
End.
Thanks for your patient reading.
YOU ARE READING
SherXLiam
FanfictionYuukoku no moriarty (moriarty the patriot) anmieနှင့်mangaမှ အဓိကဇာတ်ကောင်နှစ်ဦးနှင့်အခြားဇာတ်ကောင်များအား မြတ်နိုးမှုဖြင့် ဖန်တီးခြင်းဖြစ်သည် စာသားများမှအပ images,ဇာတ်ကြောင်း,ဇာတ်ကောင် ဘယ်တစ်ခုမှ ကျွန်တော့်အပိုင်မဟုတ်။ တစ်စုံတရာ အမှားအယွင်းရှိပါက...