Dreaming About You

12 2 9
                                    

William ပထမဆုံး သတိထားမိချိန်၌ သူသည် အခန်းတစ်ခုတွင်း ရှိနေခဲ့ခြင်း။
သူ မှတ်မိသလောက်တော့ သူ New Yorkက အိပ်ခန်းထဲမှာ အိပ်ပျော်သွားခဲ့တာပါ၊
အခုတော့ သူ လက်ထဲ၌ သေနတ်တစ်လက်ကိုင်ထားပြီး ထိုသေနတ်ပြောင်းဝမှာတော့ မျက်နှာချင်းဆိုင်က တစ်စုံတစ်ဦးထံ ချိန်ရွယ်ထားလျက်။

သူ သေသေချာချာ မစဥ်းနိုင်ခင်မှာပင် အလင်းတစ်ချက် ဖြာထွက်လာပြီး တစ်ဖက်လူရဲ့ မျက်နှာကို ကောင်းသော မြင်လိုက်ရသည်။
Sher..ly..။

"မိတ်ဆက်ပေးပါရစေ သူက ကြီးမြတ်တဲ့ဗြိတိသျှအင်ပါယာကြီးရဲ့ အကြီးမားဆုံးရာဇဝတ်သား...ရာဇဝတ်အရှင်သခင်..."

"ပါမောက္ခ William James Moriarty..."

သူသိလိုက်ပြီ၊
ထိုပြဇာတ်ဆန်ဆန် စကားများကို ပြောနေသူက
Charles Augustus Milverton။

ထိုအတိတ်က လူတစ်ယောက်က မျက်စိရှေ့မှာ ဗြုန်းစားကြီး ပေါ်လာမှတော့ သေချာပေါက် ဒီနေရာက အိမ်မက်ထဲမှာပဲ၊

"ဒီဖြစ်ရပ်ကို မှတ်တမ်းတင်ထားနိုင်မဲ့ ပညာရှင်တွေ မရှိတာ ဝမ်းနည်းစရာပဲ လန်ဒန်ရဲ့ အလင်းနဲ့အမှောင်ရဲ့သင်္ကေတလိုဖြစ်နေတဲ့ ပုဂ္ဂိုလ်ကြီးနှစ်ယောက်ရဲ့ ဆုံတွေ့ခန်းမှာလေ...."

သူ လုံးလုံးမတုန်လှုပ်မိ။
သူ့မျက်ဝန်းရှေ့က Milverton ဘာတွေဆက်ပြောသွားလည်း သူသေချာ သတိမထားမိလိုက်။
ထိုအပိုလူက သူတို့နှစ်ယောက်ကြားမှ ထွက်သွား၍ သူလည်း တစ်ဖက်လူရဲ့ မျက်နှာကို သေချာမြင်လိုက်ရ၏။
သေနတ်ကိုကိုင်ကာ သူ့ထံသို့ ပြောင်းဝတည်ထားပါသည့် Sherlock Holmes။

မျက်ဝန်းပြာတွေထဲမှာတော့ အံ့သြမှုနည်းနည်းပင် မရှိနေခဲ့၊
အဖြေသိပြီးသားပုစ္ဆာတစ်ပုဒ်ကို ကြားလိုက်ရသည့် တုံ့ပြန်မှုမျိုး။

သူ မှတ်မိသလောက်တော့ ဒီစကားပြောခန်းအပြီးမှာပင် Sherlockက Milvertonကို သေလမ်းပို့ပေးခဲ့သည်၊
သူ ဖြစ်စေချင်ခဲ့သော ပုံစံမျိုးတော့မဟုတ်ခဲ့၊
ဒါပေမဲ့ အတိတ်ကအတိတ်ပဲလေ။
ဘယ်လိုပဲ Williamဆိုရင်တောင်မှ အတိတ်ကို ပြန်ပြင်ဖို့ရာ
မဖြစ်နိုင်။

သူ အတွေးပွားနေမိစဥ်မှာပင် Milvertonရဲ့ ရယ်သံအား ရုတ်တရက် ဖြတ်တောက်လိုက်သော Sherlock။

SherXLiam Where stories live. Discover now