Starry Night

8 3 0
                                    

ရုတ်တရက် ညလယ်ခေါင်ကြီးမှာ Sherlockတစ်ယောက် လန့်နိုးလာခဲ့သည်။
သူ မသိစိတ်ရဲ့ လှုံ့ဆော်မှုကြောင့် တစ်ဖက်အခန်းဆီ အပြေးကလေး သွားကြည့်မိတော့ သူထင်တဲ့အတိုင်းပဲ ကုတင်အလွတ်ကိုသာ မြင်လိုက်ရသည်။
သေသေသပ်သပ်ခေါက်ထားတဲ့စောင်နဲ့ပြန့်ပြူးနေတဲ့အိပ်ရာခင်း၊ အနွေးဓါတ်ပြယ်လွင့်စပြုနေပြီဖြစ်သည့် အခင်းစတို့ကြောင့် သူ သိလိုက်ပြီ။

သူ စိတ်ထဲမှသာ တိတ်တခိုးသက်ပြင်းချမိရင်း တစ်နေရာရာကို လိုက်သွားလိုက်၏။
ဘယ်နေရာလဲ?
သေချာပေါက် အဲ့ဒီလူရှိနေမဲ့ နေရာကိုပေါ့။

•°•°•°•°•

Sherlockတစ်ယောက် လေတဖြူးဖြူးတိုက်နေသည့်ခေါင်မိုးပေါ်တက်လာချိန် နက်ပြာရောင်ကောင်းကင်ကြီးကိုနောက်ခံထားလို့ ခေါင်မိုးစွန်းမှာထိုင်နေသည့် ပုံရိပ်လေးကို မြင်လိုက်ရသည်။
ဝါဖျော့ဖျော့ဆံနွယ်တွေက တဖျပ်ဖျပ်လူးလွင့်နေကာ သွယ်လျလျနောက်ကျောပြင်လေးမှာ ညအမှောင်နှင့် တသားတည်းဖြစ်လို့။
ကောင်းကင်ပေါ်က ကြယ်တွေကို ငေးကြည့်နေပုံရတဲ့ ထိုသူ၏
အရိပ်သဏ္ဍာန်မှာ ဘာကြောင့်ရယ်မသိ၊ အနည်းငယ်အထီးကျန်ဆန်ပြီး သနားစဖွယ်ကောင်းနေ၏။

သူ ခေါင်မိုးအုတ်ကြွပ်တွေပေါ် ခပ်ဖွဖွနင်းသွားလိုက်ရင်း ယူလာသောစောင်ကို တစ်ဖက်လူ၏ ကိုယ်ထက် ခပ်ဖွဖွ ခြုံပေးလိုက်သည်။
သူ ပြန်ထွက်သွားဖို့လုပ်ရင်းနဲ့မှ မရေမရာမေးလိုက်မိသည်။

"ငါ...ထိုင်လ်ို့ရမလား.Liam"

"အင်း.."

အတွေးထဲနှစ်နေပုံရသည့် Liamက သူ့ကို ခပ်တိုးတိုးအသံပြုလာသော်လည်း သူ့အကြည့်တို့ကမူ ကောင်းကင်ပြာကိုငေးနေဆဲ။
တစ်ဖက်လူကို မနှောင့်ယှက်ချင်တာကြောင့် Sherlockလည်း
William၏ နံဘေးကို ဝင်ထိုင်ရင်း ထိုသူလုပ်သည့်အတိုင်းပင် ကြယ်တွေအပြည့်နှင့် ကောင်းကင်ကြီးကို မော့ကြည့်နေခဲ့သည်။

Sherlockဘက်ကလည်း စကားမစသလို၊ Williamဘက်ကလည်း ငြိမ်နေသဖြင့် နှစ်ဦးကြားရှိ လေထုမှာ အတန်ကြာအောင် တိတ်ဆိတ်နေ၏၊

ကောင်းကင်ပေါ်က ကြယ်တွေက တလဲ့လဲ့တောက်ပနေတယ်။
ဒါပေမဲ့ Sherlockအတွက်တော့ သူ့နံဘေးက လူသားလေးရဲ့ မျက်ဝန်းတွေလောက် တောက်ပတဲ့ကြယ်မရှိနိုင်ဘူးဟုသာ ထင်မိသည်။
အရည်အသွေးအကောင်းဆုံးပတ္တမြားလိုမျိုး တလဲ့လဲ့တောက်ပပြီး စိတ်ဝင်စားစရာကောင်းတဲ့ လျှို့ဝှက်ချက်တွေကို မျက်ဆံနက်နက်တွေထဲမှာ ဖုံးကွယ်ထားတတ်တယ်။
အဲ့ဒီပတ္တမြားရောင်ကြယ်ထက် ဘယ်လိုကြယ်မျိုးကမှ ပို
မတောက်ပနိုင်ဘူး။
အင်း...
Sherlockအတွက်ပေါ့လေ။

You've reached the end of published parts.

⏰ Last updated: Oct 13 ⏰

Add this story to your Library to get notified about new parts!

SherXLiam Where stories live. Discover now