နံနက်ခင်းရဲ့ နေရောင်ခြည်ဖျော့ဖျော့က ကုတင်ထက်ရှိ အမျိုးသားနှစ်ဦးအား နွေးထွေးစွာ လွှမ်းခြုံထား၏။
ပထမဆုံး မျက်လုံးဖွင့်လာသူက Sherlock Holmes။သူ နိုးနိုးချင်း သတိထားလိုက်မိသည်က သူ့ရင်ခွင်ထဲ၌ အိပ်မော ကျနေသော ရွှေအိုရောင်လူသားကိုပင်။
မျက်လုံးဖွင့်လိုက်သည်နှင့် Liamရဲ့ မျက်နှာကို မြင်လိုက်ရသည့် Sherlock Holmesရဲ့ ကြည်နူးမှုကို မည်သူမျှ နားလည်နိုင်မှာ မဟုတ်ပေ။သူ Liamရဲ့မျက်နှာပေါ်က ရွှေအိုရောင်ဆံနွယ်တို့ကို ဖယ်ရှားပေး လိုက်ရင်း ချောမောရက်လွန်းသော ထိုအမျ်ိုးသားအား ခေတ္တမျှ ငေးကြည့်မိသွားသည်။
ခဏကြာမှ သူ့ခါးကို တင်းကြပ်စွာ ဖက်ထားသော Liamရဲ့ လက်တို့ကို အသာအယာဖြုတ်လိုက်ရင်း Sherlockတစ်ယောက် အခန်းထဲမှ ထွက်သွားခဲ့သည်။
လန်ဒန်ရဲ့ အတော်ဆုံး စုံထောက်ကြီး မသိခဲ့သည်က အိပ်မောကျ နေသော Williamရဲ့ မျက်နှာပေါ်မှာလည်း အပြုံးဖျော့ဖျော့တစ်ပွင့် ပေါ်လာခဲ့ကြောင်းကိုပင်။William အခန်းအပြင်ထွက်လိုက်ချိန်၌ ပထမဆုံးမြင်လိုက်ရသည့် မြင်ကွင်းကား...
လက်ဖက်ရည်စားပွဲကို ပြင်ဆင်ရင်း အလုပ်ရှုပ်နေသည့် သူ့ရဲ့
Sherlyကိုပင်ဖြစ်သည်။Sherlockမှာ သူ့ဘာသာ အတွေးများရင်း အလုပ်ရှုပ်နေသဖြင့် သူ့နောက်သို့ ကြောင်လေးလို ခြေဖွပြီးလျှောက်လာသည့် Liam ကို လုံးလုံးသတိမထားမိသေး။
ထို့အတူ Liamရဲ့ လျှို့ဝှက်သော အပြုံးကိုလည်း မမြင်သေး။ရုတ်တရက်။
လည်ကုတ်ထက်က နွေးခနဲဖြစ်သွားသည့်ခံစားချက်နှင့်အတူ
Sherlockလည်း ဓါတ်လိုက်ခံလိုက်ရသူနှယ် တုန်တက်သွားခဲ့သည်။"အ..Liam"
"Fu...Fu..Sherly.."
Williamကတော့ Sherlockရဲ့ တုံ့ပြန်မှုကို သဘောအကျကြီး ကျကာ ရယ်မောနေလျက်။
Sherlockရဲ့ မျက်နှာမှာမူ အမှည့်လွန်နေသော ခရမ်းချဥ်သီးပမာ။Williamမှာ အိပ်ရာထကာစမို့ အမြဲသပ်ရပ်နေတတ်သည့် ရွှေအိုရောင်ဆံနွယ်တို့က ရှုပ်ပွနေပြီး မျက်လုံးကာလည်း မတပ်ရသေး။သို့သော် Sherlockမျက်လုံးထဲမှာမူ Liamရဲ့ပုံစံက ချစ်ဖို့ကောင်းလွန်းနေသည်။
"Liam...နိုးပြီလား.."
"အွန်း..Sherly မင်္ဂလာနံနက်ခင်းပါ.."
"အွန်း..မင်္ဂလာ.."
Sherlockရဲ့ နှုတ်ဆက်စကားမှာ အဆုံးမသတ်လိုက်ရ။
အဘယ်ကြောင့်နည်း။
အကြောင်းမူကား...Williamရဲ့ နှုတ်ခမ်းဖူးဖူးလေးက Sherlockရဲ့ နှုတ်ခမ်းကို နူးညံ့စွာ ထိတွေ့သွားခဲ့ခြင်းကြောင့်ပင်တည်း။
Sherlockမှာ တောင့်ခနဲဖြစ်သွားပြီး Williamကိုသာ ပြူးကျယ် သော မျက်လုံးအစုံဖြင့် စိုက်ကြည့်မိလျက်။"...Sherly...န်ိုးနိုးချင်းတုံးက ကျွန်တော့်ကို နမ်းချင်လိုက်တာလို့ တွေးလိုက်တယ်မို့လား...အဲ့တာကြောင့် ကျွန်တော်..."
"...အဲ....အင်း.."
Sherlock ယခုမှ အမှတ်ရမိသည်။
သူရဲ့Liamဟာလည်း သူလိုပဲ သူတစ်ပါးရဲ့ အတွေးတို့ကို ခန့်မှန်း နိုင်သူဖြစ်ကြောင်းကိုပေါ့။"အင်း...ဟုတ်တယ်...Liam ဒါပေမဲ့ မလုံလောက်သေးဘူး"
"ဟင်...ဘာကိုလဲ..Sher..."
မျက်နှာရဲရဲနဲ့ ခုံမှာ ဝင်ထိုင်ဖို့ပြင်နေတဲ့ Williamမှာ ရုတ်တရက် တစ်ဖက်သို့ ဆွဲလှည့်ခြင်းခံလိုက်ရ၏။
ထို့နောက် Sherlockရဲ့ ဦးဆောင်မှုနှင့်အတူ အနမ်းတို့ကို တဖန်
နှက်ရှိုင်းစေရင်း။နံနက်ခင်းရဲ့ ရွှန်းမြသောနေရောင်ခြည်က ပြတင်းပေါက်မှန်တို့မှတစ်ဆင့် အခန်းတွင်းသို့ ဖြာကျနေလျက်။
လက်ဖက်ရည်စားပွဲထက်တွင်မူ အဖြူရောင်လီလီပန်းအိုးတစ်အိုး ရှိနေ၏။
နေရောင်ခြည်ရဲ့ ကျီစယ်မှုကြောင့်ထင်ပါရဲ့။
အဖြူရောင်လီလီပန်းလေးက ရှက်သွေးဖြာနေရှာလေရဲ့။End.
Thanks for your patient reading.
YOU ARE READING
SherXLiam
FanfictionYuukoku no moriarty (moriarty the patriot) anmieနှင့်mangaမှ အဓိကဇာတ်ကောင်နှစ်ဦးနှင့်အခြားဇာတ်ကောင်များအား မြတ်နိုးမှုဖြင့် ဖန်တီးခြင်းဖြစ်သည် စာသားများမှအပ images,ဇာတ်ကြောင်း,ဇာတ်ကောင် ဘယ်တစ်ခုမှ ကျွန်တော့်အပိုင်မဟုတ်။ တစ်စုံတရာ အမှားအယွင်းရှိပါက...