I'll Be There

14 2 4
                                    

လောကကြီး၌ လူများသည် လိုချင်သည်ကို မရလျှင်လည်း ထိုင်မရ၊ထမရ စိတ်မချမ်းမသာဖြစ်တတ်ကြသလိုပင်၊ လိုချင်တာရပြန်တော့လည်း ထိုင်မရ၊ထိုင်မရအောင် စိတ်ချမ်းသာသွားတတ်ကြပြန်၏။
ဥပမာအားဖြင့် သူဆိုသည့် Sherlock Holmesကိုပင်ကြည့်ပါ။

Sherlockမှာ ယခုလက်ရှိ၌ Londonမြို့တော်ကြီးအား စွန့်ခွာခဲ့ပြီဖြစ်ကာ Newyorkမြို့၌ Williamနှင့်အတူ နေထိုင်နေသည်ပင် တစ်နှစ်ခန့်ရှိပြီဖြစ်သည့်တိုင် သူ၏အတော်ဆုံးစုံထောက်ဆိုသည့်ဂုဏ်ပုဒ်ကတော့ မှေးမှိန်မသွားပေ။
ထို့ကြောင့်ပင် သူထံ၌ စုံစမ်းစရာအမှုအခင်းများ တစ်ခါတစ်ရံ ရောက်လာတတ်သည်မှာလည်း မဆန်းပေ။

Sherlock Holmesသည် ထိုင်ခုံထက်၌ ခြေနှစ်ချောင်းကိုကွေးပြီး ခပ်ကုပ်ကုပ်ထိုင်နေရာမှ သူနှင့်မနီးမဝေးရှိ လက်ဖက်ရည်စားပွဲကို မျက်လုံးစွေပြီး လှမ်းကြည့်လိုက်၏။
ထိုစားပွဲ၌မူ Williamက စာအုပ်တစ်အုပ်အား စိတ်ပါဝင်စားစွာ ဖတ်နေလျက်။
ရွှေအိုရောင်မျက်တောင်ကော့ကော့လေးများက အောက်ဘက်သို့ ညွှတ်ကျနေပုံက Sherlockအား အကြည့်မလွှဲနိုင်အောင် ဆွဲဆောင်ထား၏။

သို့သော် သူ ကြည့်ရ မဝသေးခင်မှာပင် ထိုရွှေအိုရောင်လူသားလေးမှာ သူ့ကို မော်ကြည့်လာသည်။
သူ့ရဲ့စူးရှလွန်းသော အကြည့်တို့ကို သတိထားမိသွား၍ ဖြစ်ပါလိမ့်မည်။

"Sherly...ဘာလဲ..."

"အဟမ်း...ဘာ..ဘာမှမဟုတ်ဘူး ဘာမှမဟုတ်ဘူး.."

သူခိုးလူမိဖြစ်သွားရှာသည့် Sherlockမှာ ကမန်းကတန်း မျက်နှာလွှဲသွားသော်လည်း နက်ပြာရောင်ဆံနွယ်တွေကြားက နားရွက်ဖျားတွေကတော့ စွေးစွေးနီလို့။
Williamမှာ စာအုပ်ကွယ်ရင်း တိတ်တဆ်ိတ် ပြုံးလိုက်မိ၏။
'Sherly..က ရှက်နေရင် တကယ့် ကလေးလေးအတိုင်းပဲ'

သို့သော် William တစ်ဖက်စာမျက်နှာသို့ပင် မလှန်ရသေး။
မျက်ဝန်းပြာတို့က သူ့ထံသို့ သုံးကြိမ်ထက်မနည်း ရောက်လာပြီးပြီ။

နောက်ဆုံးတော့ Williamဘက်ကပဲ တိတ်တဆိတ် အရှုံးပေးရင်း ထရပ်လာရတော့၏။

Sherlock Holmesတစ်ယောက် မျက်မှောင်ကြီးကြုံ့ကာ စဥ်းစားခန်းဝင်နေစဥ်မှာပင် သူ့ရှေ့သို့ မီးညှိထားသော စီးကရက်တစ်လိပ်ရောက်လာခဲ့၏။
Sherlock မော်ကြည့်လိုက်တော့ သူ့ကို ပြုံးရင်း ကြည့်နေသော Liam၏  ပတ္တမြားရောင်မျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွားရသည်။
သူ မသဲမကွဲ အသံပြုလိုက်မိ၏။

SherXLiam Where stories live. Discover now