My Light

31 5 6
                                    

William နိုးလာချိန်၌ အမှောင်ထုက သူ့ကို ဆီးကြိုလျက်။

'ငါ ခဏနေတုံးကတင်...New Yorkမှာပါ.."

သူ ဘယ်နေရာကို ရောက်နေမှန်းမသိ။
ပိန်းပိတ်နေသောအမှောင်ထုကသာ သူ့ကို ဆီးကြိုနေလျက်။

ရုတ်တရက် အလင်းရောင်တစ်စ။
ဘာများလဲ?
အဲ့ဒီအလင်းရောင်က...

William ထိုနေရာသို့ လက်ကမ်းလိုက်မိသည်။
သို့သော်....။

"ရာဇဝတ် အရှင်ဟေ့!!"

"ရာဇဝတ်အရှင်သခင်ကို မိပြီ!!"

"သတ်ပစ်...!!"

"နင် ဘာလို့ အသက်ရှင်နေရသေးတာလဲ!!"

"ငါတို့ကို သတ်ခဲ့ပြီးတာတောင်..."

"နင်ကကျ ဘာလို့ အသက်ရှင်နေသေးတာလဲ"

" သတ်ပစ်!!..သတ်ပစ်!!...သူ့ကို သတ်ပစ်ကြ!!"

ဒေါသမီးဟုန်းဟုန်းတောက်နေသော  မျက်လုံးစိမ်းများ။
လူပေါင်းများစွာက သူ့ကို ဝန်းရံထားကြကာ အော်ဟစ်ဆဲဆိုနေကြသည်။
ကျိန်စာတိုက်နေကြသည်။
သူ့ကို သေဆုံးသွားရန်....ပျော်ပျော်ရွင်ရွင်မနေရန်....။

ရုတ်တရက် ထိုလူများ၏ အရိပ်တို့က သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်သွားကြ၏။

သူ မျက်လုံးပြန်ဖွင့်လိုက်တော့...

"Louis..."

"William Nii-San အကိုက လူလိမ်ပဲ..."

"Louis..."

သူ စကားမစရသေး။
သူ့ရှေ့က Louis ၏ ပုံရိပ်မှာ ပျောက်ကွယ်သွား၏။
ထို့နောက်...။

"William..."

"အကို Albert..."

"ဘာလို့လဲ ဘာလို့ အကို့ကို အဲ့ဒီစံပြကမ္ဘာကြီးကို ပြပေးမယ်ဆိုပြီး
ဘာလို့ ထွက်ပြေးသွားခဲ့တာလဲ...ဘာလို့လဲ..."

"မဟုတ်...အကို Albert...ကျွန်တော်.."

သို့သော်...။
အကို Albert ၏ ပုံရိပ်မှာလည်း ထပ်ပြီး ပျောက်သွားပြန်သည်။

"William မင်းက ငါတို့ကို ယုံကြည်လိမ့်မယ်ထင်ခဲ့တာ ငါတို့ကတော့ မင်းအတွက် ငါတို့အသက်ကိုတောင် ပေးခဲ့တယ် ဒါကို မင်းက...."

"William San ခင်ဗျား.. သစ္စာဖောက်..!!"

Moranနှင့် Fred။
ပြီးတော့...Born။

SherXLiam Where stories live. Discover now