ကမ္ဘာသစ်လို့ တင်စားကြတဲ့ New York မြို့တော်ရဲ့ လမ်းတစ်ခုပေါ်၌..။
"စီနီယာ..စီနီယာ.."
"စီ.နီ.ယာ.ရေ.."
"Master Sherlock Hlomes!!..."
"ဟမ်..ဟမ်...ဘာလဲ Billy အဲ့လောက် အော်စရာမလိုပါဘူးဟ..
ငါ နားမလေးသေးပါဘူး ငါ့နာမည်ကို အဲ့လောက် အော်ခေါ်မနေနဲ့"သူ့အော်သံက အရမ်းကျယ်လွန်းသွား၍ Sherlockမှာ သူ့ဘက်ကို မျက်မှောင်ကြီးကြုံကာ လှည့်ကြည့်လာခဲ့၏၊
သူ့အသံကျယ်သွားတာ မှန်ပေမဲ့ တကယ်တော့ Billyရဲ့ အမှားမဟုတ်ပေ။
Sherlock Holmesကိုယ်တိုင်က အတွေးနယ်လွန်နေ၍ သူခေါ်နေသံကို မကြားခဲ့ခြင်းမျှသာ၊
သို့သော် သွားရှင်းပြလည်း လက်ခံမှာမဟုတ်၍ Billy ထုတ်တော့ မပြောဖြစ်လိုက်။"ဘာလဲ...Billy ငါ့ကို ခေါ်တာ ဘာပြောမလို့လဲ..."
"...အဲ့တာက..အဟမ်း.. စီနီယာ ခင်ဗျားနဲ့ William-Sanတို့ ဘယ်အခြေအနေရောက်နေကြပြီလဲ...အခု...."
ထိုသို့ မေးလိုက်မိကာမှ ခဏတည်းက စူပုတ်နေသော Sherlock မျက်နှာက ပို၍ မည်းမှောင်သွား၏။
ထိုမျှမက သူက မျက်မှောင်ကြီးကြုံပြီး သူ့ကို မေးခွန်းပြန်ထုတ်လိုက်သေးသည်။"....ဘာလုပ်ဖို့ မေးတာတုံး...."
"....အာ....ဘာမှမဟုတ်တော့ပါဘူး...ဟီး..ဟီး ဒီနေ့ ရာသီဥတု သာယာတယ်နော်...ဟဲဟဲ.."
သူ့စီနီယာ၏မျက်နှာကို အကဲခတ်လိုက်ရင်း ဤအကြောင်းဆက်ပြော၍ မဖြစ်တော့ဟု သဘောပေါက်လိုက်သော Billyက စကားလမ်းကြောင်း လွှဲသွား၏။
သို့သော်...ခဏအကြာ။"....Liam...သူ...အဆင်မပြေဘူးလို့...ထင်တာပဲ..."
Billy ရုတ်တရက်ကြီး William-Sanအကြောင်း စကားစလာသည့် စီနီယာကို ဖျတ်ခနဲ လှည့်ကြည့်မိသည်။
သြ ဒီလူ့နှယ်၊
မပြောချင်တော့လဲ လူ့ကို ဆက်မပြောရဲအောင် မျက်လုံးကြီးပြူးပြလိုက်၊ မျက်မှောင်ကြီးကြုံပြီးကြည့်လိုက်နဲ့!
ဟော၊ ပြောချင်တော့လဲ ဘလိုင်းကြီး ထပြောပြန်ပြီ
တကယ်ပါပဲ
စိတ်လေတယ်နော်၊Sherlockကတော့ Billyအတွေးတွေကို သတိမထားမိ။
သူ့ဘာသာဆက်ပြောနေပြန်သည်။
YOU ARE READING
SherXLiam
FanfictionYuukoku no moriarty (moriarty the patriot) anmieနှင့်mangaမှ အဓိကဇာတ်ကောင်နှစ်ဦးနှင့်အခြားဇာတ်ကောင်များအား မြတ်နိုးမှုဖြင့် ဖန်တီးခြင်းဖြစ်သည် စာသားများမှအပ images,ဇာတ်ကြောင်း,ဇာတ်ကောင် ဘယ်တစ်ခုမှ ကျွန်တော့်အပိုင်မဟုတ်။ တစ်စုံတရာ အမှားအယွင်းရှိပါက...