Stay With Me

15 2 5
                                    

အရုဏ်ဦးစအချိန်။
မပွင့်တပွင့်အလင်းရောင်အောက်မှာ မီးလျံတွေက ကခုန်လို့။
မီးတောက်တွေရဲ့အလယ်မှာတော့ ရွှေအိုရောင်ဆံနွယ်တွေနဲ့လူတစ်ယောက်။
ဝတ်ဆင်ထားတဲ့ အနက်ရောင်ဝတ်ရုံလိုပဲ။
သူ့တစ်ကိုယ်လုံးက အမှောင်ထဲမှာ နှစ်မြှုပ်နေတယ်။

ကြက်သွေးနီရောင်လ်ို တဖိတ်ဖိတ်တောက်နေတဲ့မျက်ဝန်းနီနီတွေက
အမှောင်ထဲမှာတောင် တောက်ပနေဆဲပဲ။
ပတ္တမြားကျောက်လို လှပလွန်းတဲ့မျက်ဝန်းတွေထဲက နောင်တနဲ့အတူ ဝမ်းနည်းမှုတွေကို သူ ခံစားလို့ရခဲ့တယ်။

Sherlock အံကြိတ်လိုက်မိတယ်။
သူ ခွင့်မပြုနိုင်ဘူး။
William၊ သူ Liamကို ဒီလိုဆက်ဖြစ်ခွင့်မပြုဘူး။
ဘာတွေပဲ ဖြစ်လာပါစေ။
သူ Liamကို အမှောင်ကမ္ဘာထဲက ဆွဲထုတ်ပြမယ်။

သူ WillIamနဲ့ သူ့ကြားကို ခြားထားတဲ့နံရံတစ်ဖက်ကို ဖြတ်ကျော်ဖို့ ကြိုးစားလိုက်တယ်။
သူ ခြေတစ်လှမ်းစလှမ်းလိုက်ချိန်မှာပဲ သူ့ကိုယ်ထဲက အသံတစ်ခုက သူ့ကို စကားပြောလာတယ်။

"Sherlock Holmes.. သူက မင်းနဲ့မတူဘူး မင်းတို့နှစ်ယောက်က အတူရှိဖို့ မဖြစ်နိုင်ဘူး"

"ဖြစ်နိုင်တယ်..ဖြစ်ချင်စိတ်ရှိရင် ဘာမဆိုဖြစ်နိုင်တယ်"

"မင်းတို့ရဲ့ကမ္ဘာတွေက မတူဘူး မင်းက အလင်း သူက အမှောင်..မင်းတို့တွေက မတူညီဘူး"

"မဟုတ်ဘူး ငါတို့က အတူတူပဲ သူသာ ဆန္ဒရှိရင် ငါ သူ့ကို အလင်းထဲ ခေါ်လာမယ်"

"သူက မလိုက်ချင်ရင်ကော.."

"ဒါဆို ငါ့ဘက်က သွားမယ်..အမှောင်ထဲမှာဆိုရင်တောင် သူ့ကို အဖော်ပြုပေးမယ်"

"..သူက လက်တွေသွေးစွန်းနေတဲ့သူ သူ့နှလုံးသားကို မင်း နားလည်နိုင်မှာ မဟုတ်ဘူး.."

"နားလည်နိုင်တယ်.. ငါ သူ့ကို နားလည်နိုင်တယ်.."

"....မင်းတို့က မဖြစ်နိုင်ဘူး မင်းတို့က မျဥ်းပြိုင်တွေပဲ..ဘယ်တော့မှ မဆုံနိုင်ဘူး

"..ဆုံနိုင်တယ် မျဥ်းပြိုင်တွေတောင်မှ ကမ္ဘာလုံးသီအိုရီကြောင့် တစ်နေရာရာမှာ ဆုံမှတ်ဖြစ်လာသေးတာပဲ..တကယ်လို့..ငါတို့တွေက မဆုံနိုင်ဘူးဆိုရင်တောင် အနည်းဆုံး သူ့ဘေးမှာ ရှိပေးနိုင်တယ်.."

SherXLiam Where stories live. Discover now