ဒီရက်ပိုင်း Sherlockတစ်ယောက် Liamကို အရင်ကထက်ပိုပြီး စောင့်ကြည့်မှရမည်ဟု တိတ်တဆိတ်ဆုံးဖြတ်ထားမိ၏။William James Moriarty၏ ရာဇဝတ်အရှင်ဟူသော ဖြစ်တည်မှုက London ပြည်သူများအတွက် အိပ်မက်ဆိုးဖြစ်နေခဲ့၏။
သို့သော် Sherlockကတော့ William၏ရင်ထဲ၌ သိုဝှက်ထားပါသော သူကိုယ်တိုင်၏ အကြောက်တရားတို့ကလည်း London ပြည်သူတို့ထက် မပိုလျှင်တောင် လျော့မည်မဟုတ်မှန်း နားလည်နိုင်ပါသည်။
သူအနေနှင့် ထိုလူသားလေး၏ နှလုံးသားဒဏ်ရာကို မကုစားပေးနိုင်မှာကိုပဲ စိုးရွံ့နေခဲ့မိသည်။Williamမှာ ယခင်ကလို ဘဝကိုအရှုံးပေးချင်သည့်အမူအရာများမရှိတော့သလို သူ့စိတ်အခြေအနေမှာလည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။
လုံးလုံးမစွန့်လွတ်နိုင်သေးသည့်တိုင် နာကျင်စရာတွေကို ဖြည်းဖြည်းချင်း လွတ်ချနေခဲ့ပြီဖြစ်၏။သို့သော် သည်ရက်ပိုင်းမှာတော့ William မှာ အတွေးထဲနှစ်မြုပ်နေတတ်ပြီး ပတ္တမြားနီရောင်မျက်ဝန်းတို့ကလည်း တစ်နေရာရာကို ငေးနေတတ်၏။
ထို့ကြောင့်လည်း Sherlock စိတ်ပူနေတာဖြစ်သည်။****
လွန်ခဲ့သောသုံးနှစ်က. . .။
London၏စုံထောက်ကျော် Sherlock Holmesမှာ ရာဇဝတ်အရှင်နှင့် ယှဥ်ပြိုင်ရင်း အသက်နှင့်ရင်းကာ လန်ဒန်အား ကယ်တင်ပေးခဲ့ပါ၏။
ဤသည်မှာ လူအများ၏ အပေါ်ယံအမြင်မျှသာဖြစ်ပါသည်။
တကယ်တမ်းတော့ Sherlock ကယ်တင်ချင်ခဲ့တာက သူဆိုသည့် William James Moriartyကိုသာ ဖြစ်လေ၏။"ငါ မင်းကို ဖမ်းမိပြီ..."
တံတားအစွန်းမှ သူ့ထံ တုံ့ဆိုင်းခြင်းကင်းစွာ ခုန်ချလာခဲ့သည့် ထိုသူမှာ အဖြူရောင်ခိုငှက်အလား။
သွေးညှီနံ့တို့ဖြင့် ဖုံးလွှမ်းနေသည့် သူ့အား လက်မောင်းတို့ကြား တင်းကြပ်စွာ ပွေ့ဖက်ထားရင်း ကာကွယ်ပေးထားခဲ့ဖူးသည့်
ထိုသူ။ဖြစ်နိုင်သည်က ထိုနေ့က ပွေ့ဖက်မှုမှတစ်ဆင့်ခံစားလိုက်ရသော နွေးထွေးမှုလေးကပင် Williamအား တဖန် နိုးထလာနိုင်အောင် ဆွဲဆောင်ခဲ့တာပဲထင်ပါသည်။
"Hopeကို အကြံပေးခဲ့တဲ့ ဥာဏ်ကြီးရှင်က မင်းမဟုတ်လား.."
သူ့ထံသို့ လက်ညိုးနှင့်လက်မကို သေနတ်လိုကွေးညွှတ်ကာ ချိန်ရွယ်လာပါရင်း ဆိုလာခဲ့သူ။
YOU ARE READING
SherXLiam
FanfictionYuukoku no moriarty (moriarty the patriot) anmieနှင့်mangaမှ အဓိကဇာတ်ကောင်နှစ်ဦးနှင့်အခြားဇာတ်ကောင်များအား မြတ်နိုးမှုဖြင့် ဖန်တီးခြင်းဖြစ်သည် စာသားများမှအပ images,ဇာတ်ကြောင်း,ဇာတ်ကောင် ဘယ်တစ်ခုမှ ကျွန်တော့်အပိုင်မဟုတ်။ တစ်စုံတရာ အမှားအယွင်းရှိပါက...