Part.4

12.2K 253 2
                                    

Unicode

''ဟေ့ ဟိုရှေ့ကကောင်မလေး''

နောက်ပါးဆီမှအသံကြောင့်သစ်ရွက်ခြေလှမ်းတွေကပိုပိုပြီးမြန်လာရလေ၏။

''ဟေ့''

သူကသစ်ရွက်ရဲ့လက်ကိုအမိအရဆွဲလိုက်ပြီးမှ

''ဘာလို့ဒီလောက်မြန်မြန်သွားနေတာလဲ''

သစ်ရွက်သူ့လက်ကိုဖြုတ်ချပြီးထွက်သွားမယ်လုပ်တော့သူကလက်ကိုပြန်ဆွဲလာပြီးမှ

''ဘာလို့ရှောင်​ပြေးနေတာလဲ ကိုယ်ကမင်းနဲ့ခင်မင်ရင်းနှီးချင်လို့ပါ''

''ဘယ်သူကရင်းနှီးချင်တယ်ပြောနေလို့လဲ''

အသံနဲ့အတူရောက်လာတာကနေသွေးပင်။

နေသွေးကသစ်ရွက်ပုခုံးပေါ်လက်တင်ပြီး

''ဒီမှာ သူကစကားမပြောတတ်ဘူး''

''သိတယ်လေ စကားမပြောတတ်တာဘာများအရေးကြီးနေလို့လဲ''

''နေဦး ငါ့စကားမဆုံးသေးဘူး ပြီးတော့သူကငါ့အိမ်ကအိမ်အကူ''

''ဟမ်''

သစ်ရွက်သူ့အားတအံ့တသြဖြင့်မော့ကြည့်လိုက်မိ၏။

''ငါတို့ကသနားလို့ကျောင်းထားပေးထားတာ သူကဘာကျောထောက်နောက်ခံမှရှိတာမဟူတ်ဘူး ဥတစ်လုံးတစ်ကောင်ကြွက် ငါတို့အရိပ်မှာခိုနေရလို့သာသူ့မှာနေစရာရှိနေတာ''

သစ်ရွက်ရှက်လွန်းလို့ခေါင်းငုံ့ထားမိရင်းမျက်ရည်တွေဝေ့ဝဲလာရလေ၏။
သူ့စကားကြောင့်ခုနကသူမနောက်ကိုအသည်းအသန်လိုက်နေတဲ့သူလည်းနေရာမှချာခနဲလှည့်ထွက်သွားပြီဖြစ်သည်။

''အဟင်း အလကားကောင်တွေ''

နေသွေး သူမကိုတစ်ချက်ငုံ့ကြည့်ပြီး

''တွေ့တယ်နော် နင့်ကိုဘယ်သူမှတစ်ကယ်မချစ်ဘူး အလကားရမလားလို့ကြံနေတာ အယုံလွယ်ပြီးရင်ခုန်နေရင်နင့်ထိုက်နဲ့နင့်ကံပဲ''

ပြောပြီးသူသစ်ရွက်နားကလှည့်ထွက်လိုက်စဥ်မှာပဲတစ်စုံတစ်ယောက်နဲ့ပုခုံးချင်းဝင်တိုက်မိတော့၏။

''အမေ့!''

တစ်ဖက်မိန်းကလေးကဖားလျားချထားတဲ့သူမဆံပင်တွေအားနောက်ကိုသပ်တင်လိုက်ပြီးမှ

I don't love you[completed]Where stories live. Discover now