Part.14

12.5K 229 6
                                    

Unicode

''နင်ဟာလေ  အသုံးမကျတဲ့မိန်းမ ရို-က်သ-တ်ချင်စရာကောင်းတဲ့မိန်းမ ငါကလေးမလိုချင်ပါဘူးပြောထားရက်နဲ့နင်ဘာလို့ဂရုမစိုက်တာလဲ ဒီလောက်နည်းပညာတွေတိုးတက်နေတာကိုနင်ဘာလို့ကြိုတင်မကာကွယ်တာလဲ အဲ့ကလေးကိုငါမလိုချင်ဘူး ဖျက်ချလိုက်''

''သစ်ရွက်...သစ်ရွက်''

ချွေးသီးချွေးပေါက်တွေခိုတွဲနေတာသူမမျက်နှာကိုကြည့်ရင်းသူစိုးရိမ်ကြီးစွာနဲ့သူမလက်မောင်းနှစ်ဖက်အားကိုင်လှုပ်ကာနှိုးလိုက်၏။
သူမကအိပ်မက်ဆိုးတွေမက်နေဟန်နဲ့ခေါင်းကိုဘယ်ညာရမ်းနေရင်းမှသူလှုပ်နှိုးလိုက်တာကြောင့်မျက်လုံးကိုအသာဖွင့်ကြည့်ပြီးသူ့ကိုတွေ့သည်နှင့်ငိုပါတော့သည်။

''ဘာဖြစ်တာလဲ နင်နေမကောင်းပြန်ဘူးလား''

သူမကအိပ်နေရာမှထထိုင်တော့သူဆွဲထူပေးလိုက်ပြီးမှ

''အိပ်မက်ဆိုးမက်လို့လား''

သူမကမျက်ရည်တွေကိုလက်ခုံနဲ့သုတ်ရင်းခေါင်းညိတ်ပြလာ၏။

''ဘာအိပ်မက်မို့လို့လဲ''

''နင်ကငါ့ကိုရို-က်သ-တ်ချင်တယ်တဲ့''

''ဟင်''

သူအံ့သြသွားရပြီးတစ်ဆက်တည်းဆိုသလိုသူကသူမအားအိပ်မက်ထဲထိအနိုင်ကျင့်မိနေပါလားလို့တွေးမိပြီးသနားသွားရပြန်သည်။

သူသစ်ရွက်ပုခုံးအားအသာဖက်၍ရင်ခွင်ထဲထည့်ကာဖက်ထားလိုက်၏။

''အဲဒါတစ်ကယ်မှမဟုတ်တာ''

သူမကသူ့ဆီကပြန်ခွာပြီးမှ

''အရင်ကတော့နင်ငါ့ကိုအဲလိုလုပ်ချင်ခဲ့မှာပေါ့ နင့်ကြောင့်ပဲငါကလူတိုင်းမုန်းတာခံရတယ် အထူးသဖြင့်နင့်ရည်းစားဟောင်းတွေ ငါကလူတိုင်းရဲ့အမုန်းခံဖြစ်ဖို့မွေးဖွားလာတာ အဲ့ထဲမှာနင်လည်းပါနေတာတော့ငါတစ်ကယ်စိတ်မကောင်းဖြစ်ရတယ် အရမ်းဝမ်းနည်းပြီးငိုချင်တယ်''

သူမဘာလို့သူ့ကိုဒါတွေပြောပြမိနေလဲမသိတော့ပါ။
နေသွေးကချက်ချင်းပဲသူမအားနောက်တစ်ကြိမ်ပြန်ဖက်လာပြီး

I don't love you[completed]Where stories live. Discover now