Part.15

17.5K 299 0
                                    

Unicode

နေသွေးကသူမကိုအတော်လေးစိတ်ပျက်စိတ်ကုန်သွားသည်ထင်သည်။
သူမဆေးရုံတက်ရတဲ့နေ့ကပထမဆုံးနဲ့နောက်ဆုံးသူမဆီရောက်လာပြီးအဲ့နောက်ပိုင်းသူမရှေ့လုံးဝပေါ်မလာတော့ပေ။

သူမဆေးရုံကဆင်းလို့အိမ်ပြန်ရောက်တော့လည်းသူကအိမ်မှာမရှိ။

''သူအလုပ်ကိုပုံမှန်လာတယ်သမီး''

သူမစိတ်အခြေအနေကိုသိနေတဲ့ဖေဖေကြီးကသူမမမေးဘဲပြောပြလာ၏။

''လာသမီး အခန်းထဲသွားရအောင်''

မေမေကြီးကသူမကိုအခန်းထဲပို့ပေးပြီးအိပ်ရာထက်လှဲအိပ်စေလေသည်။

''သမီးနားနားနေနေနေနော် ခဏနေရင်သီတာလာလိမ့်မယ် သူ့ကိုသမီးတို့နဲ့လာနေခိုင်းလိုက်မယ်''

''ရပါတယ်မေမေကြီး အလုပ်ရှုပ်မခံပါနဲ့နော်''

''မဟုတ်တာ သမီးကိုယ့်ကိုယ်ကိုလည်းပြန်ကြည့်ဦး လူကလေတိုက်ရင်တောင်လဲတော့မယ် ကျန်းမာရေးလည်းဂရုစိုက်ဦး သမီးကိုကြည့်ရတာအားမရလိုက်တာ''

''မေမေကြီးစိတ်မပူပါနဲ့ သစ်ရွက်ကိုယ့်ကိုယ်ကိုသေချာဂရုစိုက်ပါမယ်''

''အင်းပါ သမီးအေးဆေးနားနော်''

ဒေါ်ရွှေသားမှုန် သူမကိုယ်ပေါ်ကိုစောင်ပါးလေးလွှားခြုံပေးခဲ့ပြီးအခန်းထဲမှထွက်လာလိုက်ခဲ့၏။

ထိုအခါမှသစ်ရွက်လည်းစားပွဲပေါ်ကသူမဖုန်းလေးကိုလှမ်းယူ၍နေသွေးထံစာလှမ်းပို့လိုက်သည်။

''နင်အလုပ်မှာလား ငါအိမ်ပြန်ရောက်ပြီ''

သူကချက်ချင်းပဲစာပြန်ပို့လာ၏။

''om''

တဲ့လေ။

သူ့စာကိုကြည့်တာနဲ့ဝတ်ကျေတန်းကျေသဘောနဲ့ပြန်ပို့လာမှန်းသစ်ရွက်သိတာကြောင့်ရင်ထဲမှာအရမ်းဝမ်းနည်းသွားရပြီးမျက်ရည်တွေကမျက်ဝန်းထောင့်မှစီးကျလာရလေသည်။

မကြာခင်တော့နေသွေးသူမအပေါ်အရင်လိုနွေးထွေးလာနိုင်ကောင်းပါရဲ့။

☘☘

''သစ်ရွက်''

သစ်ရွက်အိမ်ပေါက်ဝမှာနေသွေးကိုထိုင်စောင့်နေတုန်းမသီတာကသူမနားရောက်လာပြီးမှ

I don't love you[completed]Where stories live. Discover now