Unicode
နေသွေးကသူနဲ့အတူပွဲတက်ဖို့ဇွတ်ပြောထားတာကြောင့်ရော ဖေဖေကြီးကလည်းသူမမပါရင်နေသွေးကိုဆူမယ်လို့ပြောတာကြောင့်ရောမို့သစ်ရွက်လည်းသူနဲ့အတူပွဲတက်ဖို့သဘောတူလိုက်၏။
သူတို့အခုသွားမယ့်ပွဲကဖေဖေကြီးရဲ့လုပ်ငန်းပါတနာတစ်ဦးရဲ့မင်္ဂလာနှစ်ပတ်လည်ပွဲတဲ့။
ပြီးတော့သစ်ရွက်ကြားထားတာကအဲ့လူကြီးကသူ့မိန်းမကိုခုချိန်ထိတုန်နေအောင်ချစ်သည်ဆိုပဲ။
သစ်ရွက်အဲ့အကြောင်းကြားတော့တစ်ခါမှမမြင်ဖူးတဲ့ထိုအမျိုးသမီးအားအားကျစိတ်ကလေးဝင်လာရတာအမှန်ပင်။''ဒေါက် ဒေါက်''
''သစ်ရွက် နင်မပြီးသေးဘူးလား နောက်ကျ...''
သူ့စကားမဆုံးခင်အခန်းတံခါးကပွင့်သွားပြီးငွေမှင်ရောင်ဝတ်စုံလေးနဲ့သစ်ရွက်ကသူ့ရှေ့သို့ဘွားခနဲပေါ်လာခဲ့လေ၏။
သူမရဲ့ဝတ်စုံကသူမရဲ့ကောက်ကြောင်းအလှအားပေါ်လွင်စေနေပြီးမိတ်ကပ်ပါးပါးလေးလိမ်းခြယ်ထားသောသူမမျက်နှာလေးကလည်းဝင်းမွတ်ပြီးချစ်စဖွယ်လေးဖြစ်နေလေသည်။
''နင်ကဘယ်ကောင်ကြည့်မှာမို့အဲလောက်ပြင်ထားတာလဲ''
မသီတာက
''အဲ့လောက်တော့ပြင်ဦးမှပေါ့ မဟုတ်ရင်မျက်နှာပြောင်နဲ့လိုက်ရမှာလား သဝန်တိုတာလည်းကြည့်တိုပါဦး''
ဟုဝင်ပြောလာလေ၏။
မသီတာစကားကြောင့်သူလည်းနေရခက်သွားပြီးသစ်ရွက်ကလည်းရှက်နေဟန်နဲ့မျက်လွှာချထားလေသည်။
''မသီတာကလည်း ဘာတွေပြောမှန်းမသိဘူး လာသွားမယ်''
သူသစ်ရွက်ရဲ့လက်ကိုဆွဲကာအိမ်ထဲမှထွက်လာခဲ့လိုက်၏။
ကားပေါ်ရောက်တော့သူမကိုခါးပတ်ကြိုးတပ်ပေးရင်းလူချင်းနီးကပ်သွားချိန်မှာသူမကသူ့အားမျက်လုံးဝိုင်းလေးတွေနဲ့စိုက်ကြည့်လာတာမို့သူ့ရင်ထဲဒိတ်ခနဲဖြစ်သွားရပြီးသူမမျက်နှာနားတဖြည်းဖြည်းတိုးကပ်သွားလိုက်လေသည်။နှုတ်ခမ်းနှစ်စုံထိလုဆဲဆဲမှာပဲသူမကသူ့ရင်ဘတ်အားအသာတွန်းပြီးပုခုံးလေးကိုကျုံ့ကာ
YOU ARE READING
I don't love you[completed]
Fanfictionစကားမပြောတတ်တဲ့ကောင်မလေးကိုအနိုင်ကျင့်ဖိနှိပ်ပြီးကာမှအချစ်ကြီးချစ်သွားမယ့်ငပွေကောင်လေး