Unicode
သုံးနှစ်ခန့်ကြာပြီးနောက်...
''သစ်ရွက် မပြီးသေးဘူးလားဟ ဘယ်ကောင်ကြည့်မှာမို့အဲလောက်ပြင်နေတာလဲ''
သူကအဲ့စကားကိုခုထိလက်ကိုင်ထားတုန်း။
အပြင်သွားဖို့သူမပြင်ဆင်နေတာကြာပြီဆိုအဲ့စကားကြီးနဲ့စကားနာအမြဲထိုးနေကျ။သစ်ရွက်လည်းပိုက်ဆံအိတ်လေးလွယ်ကာအခန်းထဲကမြန်မြန်ထွက်လာခဲ့လိုက်၏။
အစိမ်းနုရောင်မြန်မာဝမ်းဆက်လေးနဲ့သူမကနုနုရွရွလေးလှနေသည်။
ဒီနေ့နေသွေးကအလုပ်နားရက်မို့သူမကိုအပြင်ခေါ်သွားပေးပြီးလိုချင်တာတွေလိုက်ဝယ်ပေးမည်ဆိုတာကြောင့်သစ်ရွက်လည်းလိုချင်တာတွေခေါင်းထဲမှာစီထားပြီးနေပြီပင်။
''ပြီးပြီလား ကြာလိုက်တာကို နင့်ကိုငါပဲကြည့်မှာသိလား''
သူမကနှုတ်ခမ်းစူ၍သူ့ခါးကိုလာဖက်တော့နေသွေးလည်းသူမနဖူးအားလက်သီးနဲ့ထုကာ
''ပြောလိုက်ရင်အဲ့ရုပ် လာသွားမယ်''
သူသစ်ရွက်လက်ဖဝါးလေးကိုဆုပ်ကိုင်ပြီးအိမ်ထဲမှထွက်လာခဲ့လိုက်၏။
အခုဆိုနေသွေးကအသက်25နှစ်အရွယ်နဲ့စီးပွားရေးလောကမှာနာမည်တစ်ခုရနေပြီဖြစ်ပြီး စီးပွားရေးရောအိမ်ထောင်ရေးရောအဆင်ပြေကာသာယာပြည့်စုံနေပေမယ့်လိုအပ်နေတာတစ်ခုရှိနေသေးသည်။
အဲဒါကသူတို့ရဲ့ကိုယ်ပွားလေးကခုထိသူတို့ဆီရောက်မလာသေးတာပါ။
သစ်ရွက်ကဆေးဖြတ်ထားတာခြောက်လရှိပြီဖြစ်ပြီးသူတို့လည်းဆရာဝန်နဲ့သေချာတိုင်ပင်ကာကလေးယူနေပေမယ့်ခုထိဘာမှမထူးခြားသေးပေ။သူတို့ကားပေါ်ရောက်တော့နေသွေးက
''ဘယ်သွားပြီးဘာစားချင်လဲ ဘာလိုချင်လဲ''
သူမကပိုက်ဆံအိတ်ထဲကစာရွက်ပိုင်းလေးကိုထုတ်ကာသူ့ကိုပေးလာ၏။
သူကစာရွက်ကိုဖြန့်ကြည့်၍''များလှချည်လား''
''ဘာလဲ မပို့ချင်ဘူးလား''
''ပို့ပေးမှာပေါ့''
သူသစ်ရွက်ရဲ့ပါးလေးကိုဆွဲကာပြောလိုက်ပြီးမှကားစက်ကိုနှိုးလိုက်ပြီးမှအိမ်မှထွက်ခဲ့လိုက်သည်။
YOU ARE READING
I don't love you[completed]
Fanficစကားမပြောတတ်တဲ့ကောင်မလေးကိုအနိုင်ကျင့်ဖိနှိပ်ပြီးကာမှအချစ်ကြီးချစ်သွားမယ့်ငပွေကောင်လေး