Unicode
နောက်နေ့မနက်ရောက်တော့ဒေါ်ရွှေသားမှုန်ကသစ်ရွက်ကျောင်းမသွားသေးခင်မှာဧည့်ခန်းထဲခေါ်၍စိုင်းညီညီနဲ့ကိစ္စအားပြောပြလိုက်လေ၏။
''သမီး သမီးကိုမေမေကြီးမေးစရာရှိလို့''
''မေးပါမေမေကြီး''
''မနေ့ကလွင်တို့အိမ်သွားတော့သမီးနဲ့စိုင်းညီညီတို့မရှိတုန်းမှာလွင်ကမေမေကြီးကိုသူ့သားကသမီးကိုသဘောကျနေကြောင်းပြောတယ်''
သစ်ရွက်မျက်လုံးလေးဝိုင်းစက်သွားရ၏။
''သူကသမီးကိုလက်ထပ်ချင်တယ်တဲ့ အခုချက်ချင်းတော့လက်ထပ်မှာမဟုတ်သေးဘူး သမီးစိတ်ထဲဘယ်လိုသဘောရလဲသမီး''
''မေမေကြီးကရောဟင်''
''မေမေကြီးကသမီးသဘောပါပဲ သမီးလက်မခံလည်းရတယ် ဒါပေမယ့်မေမေကြီးအမြင်ကတော့အဲ့ကောင်လေးကသိပ်မဆိုးလှဘူးလားလို့''
''သစ်ရွက်ကြောက်တယ်မေမေကြီး''
''သမီးကအခုငယ်သေးတော့အဲလိုဖြစ်တာမထူးဆန်းပါဘူး မေမေကြီးကသမီးသဘောအတိုင်းပဲနော်''
''မေမေကြီးဆုံးဖြတ်ပေးပါလား မေမေကြီးကသစ်ရွက်ရဲ့အမေလိုပဲလေ သစ်ရွက်မေမေကြီးစကားကိုနားထောင်မယ် မေမေကြီးကလက်ခံဆိုရင်သစ်ရွက်လက်ခံမယ် မေမေကြီးပဲဆုံးဖြတ်ပေးပါနော်''
ဒေါ်ရွှေသားမှုန်ဘာဆက်ပြောလို့ပြောရမှန်းမသိ။
''အင်းပါ လောလောဆယ်သမီးကျောင်းသွားတော့မှာမလား ဟိုကောင်လေးလည်းခုထိဆင်းမလာသေးဘူး ကျောင်းနောက်ကျတော့မှာပဲ''
''ရတယ်မေမေကြီး သစ်ရွက်သူ့ကိုမစောင့်တော့ဘူး ကိုယ့်ဘာသာကားငှားပြီးပဲသွားတော့မယ် သွားပြီနော်မေမေကြီး''
သစ်ရွက်မေမေကြီးကိုနှုတ်ဆက်ပြီးအိမ်မှအမြန်ထွက်လာခဲ့လိုက်သည်။
''မေမေကြီးပြောတဲ့ကိစ္စကိုနေသွေးသာသိရင်ဘယ်လိုနေမလဲမသိဘူး အို သူကဘယ်လိုနေရမှာလဲ ငါနဲ့သူကဘာပတ်သက်လို့လဲ သူနဲ့အနေသာကြီးပါ''
အတွေးနဲ့အတူသစ်ရွက်မျက်နှာလေးကအုံ့မှိုင်းသွားရ၏။
ပြီးတော့စိုင်းညီညီဆိုတဲ့သူကရောယုံရရဲ့လား။
သူမကိုအရင်ကတည်းကသိနေတာဖြစ်လောက်ပေမယ့်သူမတို့ချင်းသိတာဘာကြာသေးလို့သူကလက်ထပ်ချင်တယ်ပြောရတာလဲ။
YOU ARE READING
I don't love you[completed]
Fanfictionစကားမပြောတတ်တဲ့ကောင်မလေးကိုအနိုင်ကျင့်ဖိနှိပ်ပြီးကာမှအချစ်ကြီးချစ်သွားမယ့်ငပွေကောင်လေး