Part.18

18.8K 307 3
                                    

Unicode

မနက်ခင်းရဲ့နေရောင်ခြည်ကပြတင်းပေါက်ကနေတစ်ဆင့်သူမမျက်နှာပေါ်စူးခနဲကျရောက်လာတာကြောင့်သစ်ရွက်မျက်နှာလေးရှုံ့မဲ့သွားရ၏။

တစ်ဆက်တည်းမှာပဲသူမမျက်နှာပေါ်အရိပ်တစ်ခုကျရောက်လာတာကြောင့်သစ်ရွက်မျက်လုံးကိုအသာဖွင့်ကြည့်လိုက်တော့နေသွေးကသူ့လက်နဲ့နေရောင်ကိုကာပေးတာပင်။
လူကလည်းသူမဘေးမှာ​နားထင်ကိုလက်ထောက်ကာဘေးတစ်စောင်းအနေအထားနဲ့လှဲနေပြီးသူမကိုပြုံးပြီးကြည့်နေပြန်သေးသည်။

''နိုးနေပြီလား''

''ကြာလှပေါ့ မိန်းကလေးတွေကအိပ်ပျော်နေတဲ့အချိန်ကအလှဆုံးဆိုတာတစ်ကယ်မှန်တာပဲ ဒါပေမယ့်မိန်းမတိုင်းတော့နင့်လောက်မလှလောက်ဘူး''

သူ့စကားကြောင့်သစ်ရွက်ကပြုံးစေ့စေ့လေးဖြင့်သူ့ကိုမျက်နှာလွှဲကာကျောပေးသွားတော့သူလည်းသူမကိုယ်လေးအားနောက်ကနေသိုင်းဖက်ပြီးသူမခေါင်းလေးအားနမ်းရှိုက်၍ပုခုံးစွန်းလေးကိုပါခပ်ဖွဖွကိုက်လိုက်၏။

ပြီးတော့သူမပုခုံးလေးကိုဆွဲလှည့်ကာနှုတ်ခမ်းကိုနမ်းမယ်လုပ်တော့သူမကသူ့နှုတ်ခမ်းအားလက်နဲ့လှမ်းပိတ်ပြီးမှ

''မျက်နှာမသစ်ရသေးဘူးလေ''

''ဘာဖြစ်လဲအဲတော့ နင်ကရွံလို့လား''

''နင့်အတွက်ပြောနေတာပါ''

သူကဘာမှပြန်မပြောဘဲသူမနှုတ်ခမ်းကိုနမ်းလာတာကြောင့်သစ်ရွက်လည်းမျက်နှာလေးတွေပိတ်ရင်းသူ့လက်မောင်းတွေအားဖက်တွယ်ထားလိုက်မိလေသည်။

အခုကျမှနေသွေးကသူမကိုအတော်လေးကပ်တွယ်နေတယ်လို့ခံစားနေရ၏။

သူချစ်တယ်ဆိုတာတစ်ကယ်ထင်ပါတယ်။

____________

''နေသွေး အပြင်မှာဧည့်သည်ရောက်နေတယ်''

သူ့လုပ်ဖော်ကိုင်ဖက်တစ်​ယောက်ကပြောလာ၍သူလုပ်လက်စအလုပ်တွေကိုထားခဲ့ပြီးရုံးခန်းထဲမှထွက်လာလိုက်၏။

အပြင်ရောက်တော့မခကသူ့ကိုထိုင်စောင့်နေတာကိုတွေ့လိုက်ရပြီးသူ့ကိုတွေ့သည်နှင့်မခကသူ့ဆီလျှောက်လာကာ

I don't love you[completed]Where stories live. Discover now