Unicode
မျက်စိရှေ့မှာကိုယ့်မိခင်တစ်ယောက်လုံးရဲ့ရုပ်အလောင်းကိုမြင်နေရတာတောင်မှငိုရုံသာငိုနေနိုင်ပြီးနှုတ်ကနေအမေလို့မဖွင့်ဟနိုင်တဲ့ကိုယ့်ဘဝကိုသစ်ရွက်စိတ်နာမိသည်။
''အဟင့် ဟင့်''
''မငိုပါနဲ့သမီးရယ် မေမေကြီးကသမီးကိုစောင့်ရှောက်ပေးမှာပေါ့''
ထိုအမျိုးသမီးကြီးကသစ်ရွက်အမေရဲ့အလုပ်ရှင်ဒေါ်ရွှေသားမှုန်ပါ။
သစ်ရွက်ရဲ့အမေကဒေါ်ရွှေသားမှုန်တို့အိမ်ကအိမ်အကူဖြစ်ပြီးသစ်ရွက်တစ်နှစ်အရွယ်ကတည်းကအလုပ်လုပ်ခဲ့တာ အခုဆိုသစ်ရွက်တောင်15နှစ်ရှိပြီပင်။မေမေကြီးကသူမကိုကျောင်းလည်းထားပေးပြီးအဝတ်အစားတွေလည်းဆင်ပေးကာလိုအပ်တာမှန်သမျှလည်းဖြည့်ဆည်းပေးခဲ့ထိသဘောကောင်းလွန်းလှသောအမျိုးသမီးကြီးပါပဲ။
မွေးရာပါစကားမပြောတတ်တဲ့သူမကအားလုံးရဲ့အဖိနှိပ်ခံဖြစ်နေပေမယ့်မေမေကြီးကတော့သူမကိုအတော်လေးချစ်ပေးခဲ့လေသည်။
__________
''ဘာလို့ခေါ်ထားမှာလဲမေမေ သူ့ကိုအလုပ်သမားတန်းလျားမှာပဲနေခိုင်းလိုက်''
မေမေကြီးကသူမအားအိမ်မကြီးထံခေါ်လာတော့မေမေကြီးရဲ့သမီးကြီး မမရွှေသားခြယ်ကပြောလာခြင်းပင်။
''ခြယ် ဘယ်လိုပြောလိုက်တာလဲ ဒီကလေးကတစ်ယောက်တည်းတန်းလျားမှာဘယ်လိုနေမလဲ အဲ့လိုစိတ်ဓာတ်မျိုးမေမေမကြိုက်ပါဘူး''
မေမေကြီးရဲ့သမီးငယ် မမရွှေသားကြွယ်ကပါဝင်၍
''မေမေကလည်း သူ့လိုအိမ်ဖော်မရဲ့သမီးကသမီးတို့နဲ့တစ်မိုးအောက်ထဲအတူနေစရာလားလို့''
17နှစ်အရွယ်မိန်းကလေးရဲ့နှုတ်ကထွက်လာသည့်စကားတဲ့။
''ကြွယ်! နင်စကားပြောတာရင့်သီးလှချည်လား နင်ငါ့သမီးမှဟုတ်ရဲ့လား''
သစ်ရွက်ကတော့သူမကြောင့်သားအမိတွေစကားများနေကြတာကိုမျက်နှာပူမိ၍မေမေကြီးအား
''မေမေကြီး သမီးတစ်ယောက်တည်းနေလို့ဖြစ်ပါတယ် သမီးတစ်ယောက်တည်းပဲနေပါမယ်''
YOU ARE READING
I don't love you[completed]
Fanfictionစကားမပြောတတ်တဲ့ကောင်မလေးကိုအနိုင်ကျင့်ဖိနှိပ်ပြီးကာမှအချစ်ကြီးချစ်သွားမယ့်ငပွေကောင်လေး