Ep - 5

137 16 0
                                    


အဲ့ဒီ့နေ့ကတည်းက မေမေနဲ့စကားပြောပြီးကတည်းက အဆတ်အသွယ်မလုပ်ပဲပျောက်သွားတဲ့‌မောင့်ကြောင့် ..

ဆောရင်တွေပူရသည်။

ကျောင်းကိုလည်းမလာသလို၊ ဘတ်စကတ်ဘောကစားတဲ့နေရာ‌တွေ ပြဇာတ်ရုံတွေအစရှိသဖြင့်လိုက်ရှာပေမယ့် မောင်ရယ်လို့အရိပ်အယောင်ကိုမတွေ့ရပါ ..

တစ်ပတ်ပင်ရှိပြီ ...

မောင်နေတဲ့တိုက်ခန်းထိ လိုက်လာခဲ့တော့လည်းတံခါးပိတ်ထားပြီး လော့ချကာမှောင်မည်းနေတဲ့ တိုက်မှာတော့ လူမရှိဘူးထင်သည်။

မေမေအဲ့နေ့ကဘာတွေပြောခဲ့လဲ မသိပေမယ့် ကျိန်းသေပေါက် မောင်နာကျင်ရမယ့်စကားတွေပဲထင်သည် ..

အဲ့နေ့ကအကြောင်းတွေပြန်တွေးတော့ ..

" ‌မေမေ မောင့်ကို... တစ်ခုခုပြောလိုက်တယ်မလားဟင်"

" မေမေသဘောမကျဘူး သမီး၊ နည်းနည်းလေးမှ မျက်လုံးထဲထောင့်ကျိုးမနေဘူး .."

" မေမေ့ .."

ဆောနည်း"ရင်မောသွားကာ အံဩသွားတဲ့အသံလေးနဲအော်လိုက်မိတော့။

မျက်လုံးလှန်ကြည့်လာတဲ့ ‌မာမီကခပ်တည်တည် ..

" မေမေက မောင့်ကိုသဘောမကျတာလား .. မောင့် နောက်ခံကိုလား မေမေ .. ဆောကိုပြောပါ"

" နှစ်ခုစလုံးပဲသမီး .. ရှေ့နေရဲ့ သားဆိုတော့ ပိုပိုတောင် မကျသေးတယ် ဘာအရည်အချင်းရှိလို့လဲ ..နာမည်ကြီးမှု ပိုင်ဆိုင်မှု ဘာဆိုဘာမှမရှိတဲ့ကောင်လေးကို မာမီက

ဘာကိုကြည့်ပြီး သဘောတူရမှာလဲသမီး"

" မေမေ"

"မာမီ့စကားကို လွန်ဆန်နေတာလား ..အခု၊ တွေ့ကြည့်ပေးတာနဲ့တင်အချိန်တွေအားအင်တွေကုန်လွန်းနေပြီ

" ဒါပေမယ့် မေမေ ..ဆောက "

" တော်တော့လို့ပြောနေတယ် ယွန်း ဆောအာ !"

အဲ့ဒီ့ညက ပထမ‌ဆုံးအကြိမ် ‌ဆောမာမီ့ကိုအတိုက်အခံလုပ်ဖူးခဲ့သည် ..

အတွေးတွေကိုအလုပ်ပေးရင်း ပြန်စဉ်းစားနေချိန် ဆောမောင့်တိုက်ခန်းရှေ့မှာပင် ထိုင်ရက်လေးမှေးခနဲအိပ်ပျော်သွားမိလျှင် ..

Pretend to be notorious| JK  Where stories live. Discover now