Pretend to be notorious - 10

102 14 9
                                    


"စီအီးအို နဲ့ မော်ဒယ်Jကဘာတွေလဲ"

"မနေ့က‌မနက်ခင်းကလည်း ပွေ့ချီသွားတာတွေ့ရက်နဲ့"

"အရင်တုန်းကအသိတွေလို ပြောတယ်လေ၊ ပိုပြီးရင်းနှီးလို့နေမှာပါ ကဲကဲ၊ကိုယ့်အလုပ်ကိုလုပ်"

ရာထူးကြီးပိုင်းက တစ်ယောက်ကနည်း"ဟန့်လိုက်ပေမယ့် staff အသေးပိုင်းတွေကတော့ ပြောလို့မကုန်တဟုန်းဟုန်းဖြစ်နေပြီး။

ကုမ္ပဏီတစ်ခုလုံး ဒီသတင်းဟာပွထကုန်သည် ..

ဒီအကြောင်းအရာကို ယွန်းဆောအာဆီထိတော့ မရောက်သေး။ ရောက်ရင် သွေးတိုးမှာမြင်ယောင်ပါသေးတယ် ..

ဆောခေါင်းကိုက်လာပြီ အစည်းအဝေးတွင် ရှယ်ယာတွေရဲ့ ဂဂျီကကျများသော စကားများကိုနားထောင်ပြီး တစ်ယောက်တစ်မျိုး ကန့်ကွက်တာကိုလိုက်ဖြေနေရတာနဲ့

ဒီနေ့အလုပ်ဟာ ဦးတည်ထားတဲ့အရှေ့ကိုမရောက်ခဲ့ပါ။

လူကနေသိပ်မကောင်းသေးတာလဲ ပါတယ် .. အရေးကြီး meeting ရှိ‌လို့သာ မနက်စောစောထွက်လာခဲ့တာ
ခေါင်းတွေကမူးတုန်း။

ဆေးတွေသောက်ထားလို့ ခံတွင်းပါပျက်နေကာ ဘာစားစားစားမဝင် " ဒေါက် ဒေါက်

"စီအီးအို! ယန်စီးအီးအို‌လာပါတယ် "

အင်း ..

ခေါင်းထောင်ကြည့်လိုက်ပေမယ့် အသံကမထွက်နေတော့ယန်ဒယ်ဖြိုလာတော့ နေရာကထလိုက်ကာ .. မိုက်ခနဲမူးသွားတာမို့ ယိုင်မသွားရုံပါပဲ

ယန်စီအီးအိုက အနားလာကာ ထိန်းကိုင်ပေးလိုက်တာမို့ ရုတ်ပျက်ဆင်းပျက်လဲကျမသွားတာ။

"စီအီးအိုဆော နေမကောင်းဘူးလား"

"ညက ညည့်နက်တဲ့အထိပရော့ဂျက်ကြည့်ထားတော့ ခေါင်းနည်း"ကိုက်နေတာ .. ဒီနေ့မှမသက်သာရင်တော့ဆေးခန်းသွားပြီး ဆေးထိုးဖို့ပြင်ရတော့မယ်ထင်တယ်"

အပြုံးလေးတွေက အဖျားရှိန်ကြောင့် ရွှန်လန်းမနေတော့ပဲ မိုင်နေတဲ့ရုပ်လေးကိုကြည့်လိုက်ရင် စီအီးအိုယန်တို့လဲ

သိပါသည်။

ဒီအလုပ်ဂျပိုးမလေးဟာ ဘယ်တုန်းက သေချာအနားယူဖူးပါလို့လဲ ကြာတော့ ဒီခန္တာကိုယ်လဲဘယ်ခံနိုင်တော့မလဲ

Pretend to be notorious| JK  Where stories live. Discover now