Pretend to be notorious - 9

101 19 6
                                    


နေမကောင်းတဲ့လူကို ဘယ်လိုပြုစုပေးရမလဲဆိုတာ ကောင်း"သိပေမယ့်။

ရေပတ်တိုက်ပေးဖို့ကို အကျီအထိချွတ်ပေးပြီးကာမှ အထဲကထိရက်စရာမရှိသော အစိတ်အပိုင်းတွေကို မောင်ပုံဖော်ရင်း လက်က ရှေ့မရောက်ဖြစ်နေသည်။

လည်ပင်းနားလက်လှမ်းနေ‌တုန်း ပိုပြီးပိုနွေးလာတဲ့ ကိုယ်‌ရှိန်က သိသိသာသာမို့၊ ရဲရဲတင်းတင်းပင် မောင်ထိကပ်ကာ အပူကျစေရန်ရေပတ်တိုတ်တဲ့အလုပ်ကို မစဉ်းစားနေတော့ပဲ လုပ်လိုက်သည် ..

နောက်ဆုံး အေးနေမှာဆိုးတာကြောင့် ငေးချင်သေးပေမယ့် အချိန်ဆွဲမနေတော့ပဲ အကျီ-ဖြူအပါးလေးတစ်ထည်ကို ဗီဒိုထဲကထုတ်ပေးကာ လဲဝတ်ပေးနေတုန်း ..

ပျော့ဖတ်ဖတ်ကိုယ်လေးက သူ့ကိုယ်ပေါ်ယိုင်မှီကျလာသည်။ လက်လေးတွေက သူ့အကျီကို မှီခိုချင်နေသလိုကိုင်ထားသည်  ..

သူတစ်ချက်ပြုံးလိုက်ကာ အတိတ်ကိုပြန်တွေးမိသွားသည် ။

မောင်မင်းအပေါ် ဘယ်တုန်းကမှ ခံစားချက်လျော့မသွားခဲ့ဖူးဘူး အဲ့ဒီ့မောင့်အပေါ်အဖြေပေးတဲ့နေ့ကတည်းက

စိတ်လှုပ်ရှားခဲ့ရတဲ့ စိတ်လှုပ်ရှားမှာမျိုး အခုထိရှိနေတုန်း။

ဒါပေမယ့် ဘယ်လိုလုပ်မလဲမောင်နဂိုကတည်းက အငြိုးကြီးတတ်တာမင်းသိပါတယ်။

ဒါကြောင့် မာနလဲထားတတ်လာတယ်။

မင်းမာမီ မောင့်ကိုစော်ကားခဲ့သလို၊ ပြန်လက်တုံ့ပြန်ချင်ခဲ့တာဒါကြောင့် ဒီလောကထဲကို‌ဝင်လာခဲ့တာ။

အတိတ်မှာ မောင့်ရဲ့ရိုင်းစိုင်းတဲ့ပုံစံကိုမပြရသေးဘူးထင်လို့ မင်းရဲ့မာမီသိအောင် ပြပေးမလို့ ..

မင်းနဲ့မောင့်ကို ခြားထားခဲ့တဲ့။ အဲ့ဒီ့စည်း မောင်တစစီရိုက်ချိုးပြမယ် ဆော ..

မောင်ကမင်းကို နည်းမျိုးစုံနဲ့ပြန်ရအောင်ကြိုးပမ်းနေချိန် မင်းဘာလို့ခေါင်းမာမာနဲ့ မီးထဲတိုးဝင်နေတာလဲ။

အဲ့ဒီ့ ဒိတ်တွေ မောင့်ရှေ့တင်ထပ်လုပ်ရင် မောင်မင်းကိုဘာလုပ်မိမလဲမသိဘူး  ..

Pretend to be notorious| JK  Where stories live. Discover now