Ep - ( 5 )-2

165 21 2
                                    


ဆောတို့ထိုင်နေကျ ကော်ဖီဆိုင်ထဲမောင်ကခါတိုင်းလို တံခါးဆွဲဖွင့်ကာသက်တောင့်သက်သာလေး အပြုံးလေးဖြင့်ဝင်ကာလာတော့ ..

ဆောရင်ထဲအောင့်သက်သက်။
အသက်ရှူရတာကအစခက်ခဲသွားတာမို့ မျက်နှာကိုတတ်နိုင်သမျှဟန်ဆောင်ထားမိသည် ...

" မောင်ဝင်လာရင်း ပန်းတွေ့တာနဲ့ ဝယ်လာခဲ့တယ်"

မောင့်လက်ထဲက ပန်းစည်းနီနီလေးကိုအကြည့်ရောက်တယ် .. မောင်ဝယ်လာတဲ့ အရာလေးမို့ ဆောသဘောကျမိပေမယ့်ခေါင်းသာငြိမ့်ပြလိုက်တယ် ...

ချက်ကနဲဆိုမျက်နှာရိပ်ဖမ်းပြီး ဆောကိုသေချာဂရုတစိုက်ကြည့်လာတဲ့မောင်က တစိုးတရိမ် ..

" ဆော နေမကောင်းဘူးလား .."

နဖူးပေါ်တင်လာတဲ့လက်ကို ဆောဖမ်းကိုင်လိုက်ကာ ခပ်တိုးတိုးထွက်လာတဲ့အသံလေးက ..

" ပြောစရာရှိတယ် မောင် .."

ဂျောင်ကုက မျက်နှာမကောင်းတဲ့ ညိုးငင်နေတဲ့မျက်နှာထားလေးကိုကောင်းကောင်းသိသည် ..

ဒါကောင်းသော ကိစ္စပြောမှာတော့မဟုတ်ဘူးဆိုတာ သူတပ်အပ်သိပါသည်..

" ဆောတို့ လမ်းခွဲရအောင် ..."

ဆော မောင့်မျက်ဝန်းတွေကိုရင်မဆိုင်ရဲတာမို့ စားပွဲပေါ်က တစ်သျှူးဗူးလေးကိုသာ ကြည့်ပြီးပြောလိုက်ရင် မောင် သူ့လက်တွေကိုဆုတ်ကိုင်လာပြီး ..

အပြုံးလေးဖြင့် ရယ်ကာ ...

" မောင် မခွဲ ပေးနိုင်ပါဘူး .."

" မောင် .. ဆောအတည်ပြောနေတာ ဆိုရင်ကော "

" အတည်လဲမခွဲဘူးလေ ..မောင်မင်းကို ဘာလို့လမ်းခွဲရမလဲ ဒီလက်ကိုမြဲအောင်ကိုင်မှာမောင့်တစ်ဘဝလုံး ၊ အဲ့တာကြောင့် လမ်းခွဲရမှာမျိုးမောင်မလုပ်နိုင်ဘူး မင်းကို‌ကပ်တွယ်ထားမှာ "

" မောင် ကလေးမဆန်ပါနဲ့.. ဆောအတည်ပြောနေတာ ဆောတို့မဖြစ်နိုင်တော့လောက်ဘူးလို့ထင်တယ် .. မောင်"

" မင်းမာမီကြောင့်မလား "

" မောင် အားလုံးရင်ဆိုင်နိုင်တယ်လို့ပြောပြီးပြီပဲ ဆောရယ့်"

Pretend to be notorious| JK  Where stories live. Discover now