ကင်မရာမီးရောင်စုံရှေ့တွင် သက်တောင့်သက်သာဖြင့် ဆိုဒ်ပေးနေသောမောင့်ကို ဝန်ထမ်းတွေနဲ့တူတူရပ်ကြည့်နေရသည် ..ချပ်ဆိုတဲ့ကင်မရာအသံပြောင်းသွားသည်နဲ့ ဟန်ပန်အမူအရာတစ်ခုချင်းဆီပြောင်းသွားတဲ့မောင့်ကို သူ့ရှေ့မှာရှိနေတဲ့ကင်မရာတွေအားလုံးက သေချာ ချိန်ယူထားသည် ..
ဒီနေ့က
DS water ပရောဒက်အတွက် ပထမဆုံးရိုက်ကူးရေးမို့ဆောကအသေးစိတ်ကအစ မသိမသာလိုက်ကြည့်ပေးဖြစ်သည် ..ဂျောင်ဂုသည် ကုမ္ပဏီတစ်ခုတည်းဖြစ်သွားကတည်းက အရိပ်အယောင်တောင်မတွေ့ရတော့သည့် ceo ယွန်းဆောအာကို သိပ် ဘဝင်မကျချင်ပါ ။
သူနဲ့ရိုက်ရမယ့် ရိုက်ကူးရေးတိုင်းကို ဆင်ခြေကောင်းကောင်းပြပြီး သူ့တပည့်တွေ အတွင်းရေးမှူးတွေနဲ့ပဲ လွတ်ကာ စကားပြောခိုင်း နေသည်မို့ ..
မောင်က ဘာကောင်ဖြစ်နေလို့စကားတောင်ထွက်မပြောချင်ရတာလဲဟူသော စိတ်ကဖြစ်လာသည် ..
လမ်းမှာတွေ့လဲ ရှောင်တယ်၊ သာမန်လူတွေကျ ပါးချိုင့် သေးသေးလေးတွေပေါ်အောင် ပြုံးပြနေတတ်ပြီး
သူ့ကိုမြင်ရင်တော့ ရှောင်နေတတ်သော ထိုဒါရိုက်တာဆိုသူကိုဒီတစ်ခေါက်တွေ့ရင် တစ်နည်းနည်းနဲ့ချုပ်ပြီး မေးပြစ်ရမည်ဟုတေးထားလိုက်ရင်း ..
ဒီနေ့ရူတင်ကို ပေါ့ပေါ့ပါးပါးပင်ပြန်ဝင်လာခဲ့သည် ..
ဒီနေ့တော့ ထိုအမျိုးသမီးကကင်မရာမန်းတွေကြားတွင် staff တွေနဲ့စကားပြောရင်းထိုင်နေကာ လက်ထဲတွင်ကိုင်ထားတဲ့ ကင်မရာလေးတစ်လုံးနဲ့ သူမစားပွဲရှေ့က လှလှပပလေးစီရီတင်ထားတဲ့ DS တံဆိပ်ရေသန့်ဘူးတွေကို ..
တဖျက်ဖျက်ရိုက်နေခဲ့သည် ..
သူဝင်လာရင် လှည့်ကြည့်တဲ့မျက်ဝန်းဝိုင်းဝိုင်းလေးတွေက
အရင်အတိုင်း ။ဂျောင်ကုတမင်ကျောကာ အဝတ်လဲခန်းထဲအရင်ဝင်သွားပြီးနောက် ရှပ်အကျီပြောင်အနက်တစ်ထည်နဲ့ စတိုင်ဘောင်းဘီတစ်ထည်ဖြင့် ပြန်ထွက်လာသည် ..
မိတ်ကပ် staff တွေသူ့နားပြေးလာတော့ ဆောကလဲ ကင်မရာကိုပြန်ကြည့်ပြီး သူ့နားကပစ္စည်းတွေပြန်"ရိုက်ကြည့်နေသည် ..
![](https://img.wattpad.com/cover/358605116-288-k514784.jpg)
YOU ARE READING
Pretend to be notorious| JK
FanfictionPromote dialogue - "ceo ဆောအာ dating ထပ်မလုပ်ဖို့ ကျတော်တို့ အားနာနာနဲ့သတိပေးပါရစေနော် အကိုလေးသိရင်လေ- " ငါသိရင် ဘာဖြစ်လဲ ..ဘယ်မှာလဲ မင်းတို့မမလေး " စီအီးအိုမလေးနဲ့ ရည်းစားဟောင်းဖြစ်တဲ့ မော်ဒယ်မင်းသားတို့ပြန်ဆုံကြသောအခါ📍 Jeon Jungkook x reader