Pretend to be notorious - 7

278 24 11
                                    


" ကိုယ့်နာမည်က မြောင်ဂုမန် L entertainment စီအီးအို၊ သားတစ်ယောက်သမီးတစ်ယောက် ရှိပေမယ့် လိမ်မာတဲ့ကလေးတွေရဲ့ အဖေပါ"

ကလေးအဖေဆိုတာနဲ့ ဆောမျက်စိဆုံမှတ်ကာ နားထင်‌ကိုဖိထောက်လိုက်မိသည် ။

ကလေးအဖေဆို အိမ်ကကလေးတွေကိုပဲ ဖခင်ဝဍ်တရားကြေပွန်အောင် အခုလို‌ကြင်ဖက်တွေ့နေတဲ့အချိန်မှာ ဂရုစိုက်လိုက်ဖို့ကောင်းတယ်မဟုတ်လား ...

စိတ်ထဲသာတွေးလိုက်ပေမယ့် အပြင်မှာတော့ အပြုံးလေးဖြင့်သာရယ်ရင်းသာ ချောမွတ်စေမယ့် ငြင်းဆို‌မှုတစ်ခုသာ ပြုလုပ်ခဲ့သည် ..

ဆောရောက်ကတည်းက ဟိုတယ်တစ်မှာ ဒီနေ့ရဲ့ အထူးဧည့်သည်နှစ်ယောက်ကို အချိန်ခွဲကာ လာတွေ့ရခြင်းမို့ ..

ဒီတစ်ယောက်ပြီးရင် နောက်တစ်ယောက်လာအုံးမှာပင်။

မာမီသဘောအတိုင်းမို့ ငြင်းဆန်လို့မရခဲ့ပေမယ့် ကိုယ်မချစ်တဲ့သူ‌ကိုတော့လက်မထပ်ချင်၍ ဝဍ်ကြေတန်းကြေနှုတ်ဆတ်ဖို့ ထွက်လာခဲ့ခြင်း ..

အချိန်တွေမြန်မြန် ဆန်ဆန်ကုန်လွန်သွားရင် ကောင်းမှာပဲ

ဆောထိုင်နေတဲ့နေရာကို သုတ်ပြာပြာရောက်လာပြန်ပါသော နောက်တစ်ဦး ...

" စောင့်ရတာကြာသွားလား ဦးဂျပန်လေဆိပ်မှာနည်းနည်းအလွဲအချော်လေးရှိသွားလို့ပါ ..ယာဂုဇိုပါ"

" အာ ..."

ရေမွှေးနံ့ခပ်စူးစူးအပြင် ဆောထက် အသက်အများကြီးပုံရတဲ့ထိုလူကိုကြည့်ပြီး ?? လေးတွေတန်းစီပြီးကြည့်လိုက်သည် ..

မာမီက သူ့ကိုဒီလူနဲ့လက်တွဲစေချင်တာလား ..

ဂျပန်က သူဌေးဆိုပေမယ့် အသက်အဲ့လောက်ကြီးထိကြီးနေမယ်မထင်ထားတော့ ဆောမိတ်ဆွေမပျက်သာမိတ်ဆတ်နေရပေမယ့် တွေးကြည့်ရင် ..

အဖေအရွယ်လောက်ရှိတဲ့ လူကြီးနဲ့စကားထိုင်ပြောနေရတာက အခက်တွေ့စေသည် ..

စကားပြောတဲ့တစ်လျှောက်လုံးလဲ လေကြောမပျက်သလို မထင်ရင်မထင်သလို skinship က လာလာလုပ်နေ၍ ဆော ဒေါသလေးထွက်သွားမိသည် ...

Pretend to be notorious| JK  Where stories live. Discover now