Ep - 3

138 12 0
                                    

လွန်ခဲ့သော ၅ နှစ် ကဖြစ်သည် ..

" သတင်းစာရှင်းလင်းပွဲ မှာ တစ်ခါတည်းပြောပါရစေ
ဒါကုမ္ပဏီကအမှားမဟုတ်ပဲ ဝန်ထမ်း‌ .. ရဲ့ ပေါ့ဆမှုပါ"

တီဗီတွင် မာမီရဲ့အသံတည်တည်ငြိမ်"က ပေါ်ထွက်လာချေသည်။

တက္ကသိုလ်ရဲ့ ကန်တင်းက တီဗီသတင်းမှာပါလာတာမို့ ကျောင်းသူတွေထမင်းစားနေကြရင်းမှာ အကုန်တီ‌‌ဗီကိုအာ ရုံရောက်ကုန်သည် ..

ထိုထဲတွင် ဆောအာအပါအဝင်။

အတန်းချိန်နီးနေပြီမို့ ‌လတ်စသတ်ပြီး ပြဇာတ်ရုံကိုထွက်လာချိန်ကောင်လေးတစ်ယောက်နဲ့ ဝင်တိုက်မိသည် ..

အကျီအဖြူတီရှပ်ကို ဂျင်းဘောင်းဘီထဲ ထည့်ဝတ်ထားပြီး အပေါ်မှ တက္ကသိုလ်ယူနီဖောင်းဖြစ်တဲ့ ဂျာကတ်အနီလေးကိုဝတ်ထားတဲ့ မောင်က ဆောကိုတွေ့တွေ့ချင်းက မျက်ခုံးကုတ်ကာကြည့်နေခဲ့သည် .. .

မျက်မှန်ခပ်ထူထူနဲ့ဆံပင်တို့ကို တစ်ဝက်စီးတစ်ဝက်ချထားတာမို့ ဘယ်သူကြည့်ကြည့် ဆောအာက ထို‌တက္ကသိုလ်တွင် အပုံတုံးဆုံးစရင်းထဲ ဝင်သည်။

သူမအတွက်က အလှအပထက် ဇာတ်ညွှန်းမေဂျာကိုယူထားသူမို့ တစ်နေ့တစ်နေ့ presentation မှာ ဇတ်ချောဖို့ နာရီပေါင်းများစွာအချိန်ပေး ပြင်ဆင်ရသူ ..

စကပ်အကားအရှည်နဲ့ အပေါ်ကရှပ်အကျီလက်ရှည်အဝါကိုဝတ်ထားကာ ရုတ်တရက်ကြည့်လျှင် ပိုသီပတ်သီဖြစ်နေတတ်သည်။

လက်ထဲကရေးထားတဲ့ ဇာတ်ညွှန်းစာရွက်ကို ပြုတ်ကျသွားမှာစိုးရိမ်၍ခပ်တင်းတင်းကိုင်ထားတာကို ကြည့်ပြီး မောင်က ..

" ခင်ဗျားဟာကို ဘယ်သူကလိုက်ယူမှာမို့ ဥစ္စာခြောက်ပြီး ပြေးလွှားနေရတာလဲ .."

ပထမဆုံးအတွေ့နဲ့ ပထမဆုံးစကားအသွားအလာအရတော့ မောင်နဲ့ ဆောကကောင်းသောတွေ့ဆုံခြင်းမျိုးမဟုတ်ခဲ့ပါဘူး။

" ခြေထောက်ကိုလဲ တက်နင်းထားတာ တောင်းပန်ရကောင်းမှန်းသိပုံမပေါ်ဘူး "

" ဟေး ကျုပ်ပြောတာကြားလား "

" ?"

ဆောငုံ့ကြည့်တော့ သူ့ရှူးဖိနပ်အဝါလေးက သူ့ခြေထောက်တွေပေါ်တွင် ခပ်ပြင်းပြင်းဖိမိထားတာပင်။

Pretend to be notorious| JK  Where stories live. Discover now