Ep - 4

152 20 0
                                    


ဆောတို့ မနက်စောစော ကော်ဖီဆိုင်တစ်ဆိုင်မှာချိန်းထားပေမယ့် မောင်မလာသေးတာ‌ကြောင့် လပ်တော့ကိုထုတ်ကာ ကုမ္ပဏီနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို တစ်ချက်ခေါက်ပြီးကြည့်နေလိုက်သည် ..

ရေမွှေးနံ့ခပ်ပြင်းပြင်းနဲ့အတူ တံခါးကိုဆွဲဖွင့်ကာ မောင်ဝင်လာတာကိုမြင်တော့ ကုမ္ပဏီဖိုင်တွေထဲကထွက်ကာ assignment တင်တဲ့ဘက်ပြောင်းလိုက်ကာ ရေးနေကျ ဇာတ်ညွှန်းကိုဟန်မပျက်‌ဆတ်ရေးနေလိုက်သည်။

မောင့်ကို ဒိုဆောင်းဂရုပ့်နဲ့ပတ်သတ်ပြီးပေးမသိပေးစေချငိတာမျိုးတော့မဟုတ်ပေမယ့် အရှုပ်အယှက်တွေနဲ့ ကင်းအောင် နောက်ပြီး ဆောကိုယ်တိုင်ကလဲ

လုပ်ငန်းစုကြီးရဲ့ သမီးဆိုတာထက် သာမန်လေးပဲရှိနေချင်တာကြောင့် မောင့်ကိုဖုံးကွယ်ထားခြင်းဖြစ်သည် ...

" ဆော ရောက်နေတာကြာပြီလား၊ ဆောရီး မောင်နောက်ကျသွားတယ် .. အိမ်မှာပစ္စည်းတစ်ခုပြင်ရင်း အချိန်ကြာသွားတာ "

မောင်က ဆိုင်ကယ်သော့ကိုချရင်း တည်တည်ငြိမ်ငြိမ်ထိုင်ရင်းဆိုလိုက်ပေမယ့် ရင်ဘတ်ကနိမ့်ချည်မြှင့်ချည် ..

ဖြစ်နေတာမို့ လောပြီးထွက်လာတာသေချာသည်။
နောက်ပြီး အကျီ-ရင်ဘတ်နဲ့ ဗိုက်နားတစ်ဝိုက်တွင်လည်းရေစက်တွေစိုနေတာတွေ့သည် ..

" မောင် ..အဝတ်လျှော်စက်ပြင်နေတာလား "

ဆောက စားပွဲပေါ်ကတစ်သျှူးဘူးထဲက တစ်သျူးတွေထုတ်ရင်း မောင့်ရင်ဘတ်တွေနဲ့ အကျီ-ပေါ်ကရေစက်တွေကိုသုတ်ပေးမိသည် ..

မျက်ဝန်းဝိုင်းဝိုင်းတို့နဲ့ ပြန်ကြည့်လာပုံက " ဘယ်လိုသိတာလဲ" ဆိုပြီးတအံတဩ ။

ဒီနေ့ကျမှဝတ်လာပုံကလဲ ရှပ်အဖြူလေးနဲ့ ဂျင်းဘောင်းဘီနက်ပြာလေးနဲ့ စတိုလ်ကျကျကိုမှ ရိုးသားဖြူစင်တဲ့ ပုံလေးပေါက်နေတာမို့ ဆောရယ်မိသည် ..

နဂိုက အပြောကြမ်းတမ်းသော ကောင်လေးဘယ်ရောက်သွားပါလိမ့်ဟူ၍ တွေးမိတော့အပြုံးတို့ကမရပ်တော့ ..

ရယ်တော့လဲ ဘာလို့ရယ်တာလဲဆိုပြီး မျက်မှောင်ကြီးကြုံ့သေး။

Pretend to be notorious| JK  Where stories live. Discover now